ဖိနပ်ပေါက်တယ်ဆိုတာ လူတိုင်းလိုလို ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဓိက
ဖြစ်ပေါ်လာရခြင်းကတော့ ခြေဖနောင့် သို့မဟုတ် ခြေထောက်၏ အခြားနေရာများနှင့်
ဖိနပ် ပွတ်တိုက်ရာမှ အရေပြားပေါက်ပြဲပြီး ဖြစ်ပေါ်လာတဲ့ ရည်ကြည်ဖုပဲ ဖြစ်ပါတယ်။
ဒေါက်မြင့် ဖိနပ်၊ ခြေထောက်နဲ့ မတော်ပဲ ကျပ်နေတဲ့ဖိနပ်များနှင့် အသစ် စီးခါစ ဖိနပ်တွေကို အသုံးပြု တဲ့အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။
ဖိနပ်ပေါက်ရင် သိပ်ကြီးမားတဲ့ ဒါဏ်ရာမဟုတ်ပေမဲ့ လမ်းလျှောက်စဉ်
မတ်တပ်ရပ်နေစဉ်နှင့် လှုပ်ရှားမှုပြု လုပ်တိုင်းမှာ ခံရခက်အောင် နာနေတော့
တာပါပဲ။
ဖိနပ်အသစ်ဝယ်တော့မယ်ဆိုရင် ညနေဖက်ပိုင်းမှာ ဝယ်ယူပါ။
တစ်နေကုန် လှုပ်ရှားသွားလာ ထားတဲ့ ခြေထောက်ဟာ ညနေဖက်မှာ အနည်းငယ်
ပြည့်ဖြိုးပြီး နေတတ်ပါတယ်။ အဲဒိအချိန်မှာ ရွေးချယ်လိုက်တဲ့ ဆိုဒ်ဟာ
ကိုယ့်ခြေထောက်နဲ့ အဆင်ပြေဆုံး ကိုရရှိနိုင်ပါတယ်။
ဝယ်ပြီးရင်လဲ ချက်ချင်းမစီးပါနဲ့ဦး။
ဖိနပ်ပေါက်သက်သာအောင် လုပ်ဆောင်ရမှာကတော့
ပက်ထရိုလီယမ် ဂျယ်လီကို ဖိနပ်အသစ် အတွင်းဖက် ဖိနပ်ပေါက်တတ်တဲ့ နေရာတွေမှာ
အနည်းငယ် သုတ်လိမ်းပေးပါ။ ဖိနပ်အသစ်မစီးခင်မှာ ပျော့ပြောင်းစေပါတယ်။
မစီးခင်မှာတော့ သန့်ရှင်းပစ်ရပါမယ်။
ပက်ထရိုလီယမ်
ဂျယ်လီမရနိုင်လျှင် အုန်းဆီကို အသုံးပြုပါ။ ဒေါက်မြင့်
ဖိနပ်အတွက်ဆိုရင်တော့ လှီးထားတဲ့ အာလူးခြမ်းနဲ့ ၂ညဆက်တိုက် တိုက်ပေးပါ။
ဖိနပ်ပေါက်တာ ခံစားနေရပြီဆိုရင် အလွယ်ကူဆုံး လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့
(၁) ဆန်အနည်းငယ်ကို ထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေ အမှုန့်ပြုလုပ်ပါ။
ရေအနည်းငယ် ရောပြီး ပျစ်ပျစ်လေးဖြစ်အောင် လုပ်ကာ ဖိနပ်ပေါက်နေသော
နေရာပေါ်တွင် အုံပေးပါ။
ခြောက်သွားလျှင် ရေခပ်နွေးနွေးလေးနှင့်
ဆေးလိုက်ပါ။ ထောင်းဖို့ ကြိတ်ဖို့ မလွယ်ရင်တော့ ပါးစပ်ထဲသာ
ထဲ့ဝါးပြီးအုံလိုက်ပါ။ ဆန်မှုန့်ကိုလည်း အသုံးပြုနိုင်သည်။ ယင်းနည်းကို
တပတ်လျှင် ၂ကြိမ်၊ ၃ကြိမ်ခန့် ပြုလုပ်ပေးပါ။
(၂) ပျားရည်နှင့်
နှမ်းဆီ ကိုဆတူရော၍ အရေပြားပေါ်တွင် လိမ်းပေးပါ။ ခြောက်သွားလျှင်
ရေခပ်နွေးနွေးနှင့် ဆေးပါ။ နှမ်းဆီ မရလျှင် ပျားရည် သီးသန့်
သုတ်လိမ်းနိုင်သည်။
(၃) သဘာဝ ရှားဇောင်းလက်ပတ် အနှစ်ကို
အရေပြားပေါ်တွင် သုတ်လိမ်းပြီး ခြောက်သွားလျှင် ရေခပ်နွေးနွေးနှင့် ဆေးပါ။
တစ်နေ့လျှင် ၃၊ ၄ကြိမ်း သုတ်လိမ်းနိုင်သည်။
(၄) အက်စပရင်
ဆေးပြားကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး ခပ်ပျစ်ပျစ် အနေအထားရအောင်
ရေအနည်းငယ်ရော၍ ဖိနပ်ပေါက်နေသော အရေပြားပေါ်တွင် သုတ်လိမ်းပါ။ မိနစ်အနည်းငယ်
ကြာပြီးနောက် ရေခပ်နွေးနွေးနှင့် ဆေးပါ။ တစ်နေ့ ၂ကြိမ် ပြုလုပ်နိုင်သည်။
(၅) လက်ဆေးရာတွင် အသုံးပြုသော အရက်ပြန် ကိုလည်း အရေပြားပေါ်တွင် သုတ်လိမ်းနိုင်သည်။
(၆) တမာရွက် လက်တစ်ဆုပ်ကို ထုချေပါ။ မွှေစက်ရှိလျှင် အသုံးပြုပါ။
နနွင်းမှုန့် ထမင်းစားဇွန်း ၁ဇွန်းနှင့် ရေအနည်းငယ်ထဲ့၍ ခပ်ပျစ်ပျစ် အနေအထား
ရအောင်ပြုလုပ်ပါ။
ဖိနပ်ပေါက်သောနေရာတွင် ယင်းကို သုတ်လိမ်းပေးနိုင်သည်။ ထို့အပြင် မီးလောင် ဒါဏ်ရာများအတွက်လည်း အသုံးပြုနိုင်သည်။
(၇) ရေခဲတုံးလေးများဖြင့် ဖိနပ်ပေါက်နေသော အရေပြားပေါ်တွင် ပွတ်တိုက်ပေးပါ။
(၈) သွားတိုက်ဆေး အနည်းငယ်ကို ဒါဏ်ရာပေါ်တွင် သုတ်လိမ်းပေးပါ။
မိနစ်အနည်းငယ် ကြာပြီးနောက် ရေစိုဝတ်ဖြင့် သုတ်၍ဆေးလိုက်ပါ။ ပြီးလျှင်
အုန်းဆီ အနည်းငယ် လိမ်းထားလိုက်ပါ။
ဖိနပ်ပေါက်တယ် ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတာမို့ ခံစားလာရရင် စိတ်ရှည်ဖို့တော့ လိုပါတယ်။
တကယ်လို့ ဖြစ်ခဲ့တယ် ဆိုရင်လည်း အထက်ဖေါ်ပြပါ နည်းလမ်းများ အလွယ် တကူအသုံးပြု ပြီး မိမိရဲ့ ခြေထောက်ကို ဂရုစိုက်နိုင် ကြပါစေ။
ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
မျှဝေပေးတာမတ္တာတစ်ခုပါ.......
ဖိနပ်မပေါက်အောင်
1:39 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment