စိတ်ဓာတ်ကျခြင်း နွယ်ချို အမြစ်ထဲမှာ တွေရတဲ့ ဂလီဆိုင်ရစ်ဇစ်အက်စစ် (Glycyrhizic Acid) ဟာ အဒရီနယ် ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာကို သက်သာစေပါတယ်။ အဒရီနယ် ဂလင်းဟာ ကော်တီစော အပါအဝင် စိတ်ဖိစီးမှု ဟော်မုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ နွယ်ချိုမှာပါတဲ့ အမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ် နာ့ဗ်ကြောစနစ်ရဲ့ မျှခြေကို တည်ငြိမ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြော ရောဂါနှင့် သွေးတွင်း ကိုလက်စထရော များခြင်း လေ့လာမှုအရ နွယ်ချိုဟာ ကိုယ်တွင်း သည်းခြေရည် စီးဆင်းမှုကို ကောင်းမွန်စေတဲ့အတွက် ကိုလက်စထရောကို ထိန်းချုပ်ပေးနိုင်ကြောင်း သိရပါတယ်။ နွယ်ချိုထဲက အင်တီအောက်ဆီးဒင့်ဟာ သွေးကြောမျှင် ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးကြော ပိတ်ဆို့မှုကို ဟန့်တားနိုင်ပါတယ်။ သွေးဆုံးခြင်း နွယ်ချိုမှာပါတဲ့ ဖိုင်တိုအီစထရိုဂျင်နဲ့ အင်တီအောက်ဆီးဒင့် လုပ်ငန်းဆောင်တာဟာ မောပန်းတာ၊ စိတ်လှုပ်ရှားတာနဲ့ ပူနွေးတာ စတဲ့ သွေးဆုံးချိန်ဖြစ်တဲ့ ဟော်မုန်း ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။ ရာသီလာခြင်းနှင့် ရာသီအကြိုဝေဒနာ နွယ်ချိုဟာ ရောင်ရမ်းမှု လျော့ကျစေပြီး အီစထရိုဂျင်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတဲ့ အတွက် ရာသီအကြို ဝေဒနာတွေ ဖြစ်တဲ့ ရင်သားတင်းတာ၊ ဗိုက်နာတာ၊ ပျို့ချင်အန်ချင် ဖြစ်တာနဲ့ လေပွတာတွေကို သက်သာစေပါတယ်။ ရာသီမလာခင် သုံးရက် အလိုမှာ နွယ်ချို အမြစ်ကို လက်ဖက်ရည်ထဲ ထည့်သောက်ရင် ရာသီအကြို ဝေဒနာကို သက်သာစေပါတယ်။ အရေပြား ပြဿနာများ နှင်းခူ၊ အရေပြား နီမြန်းတာ၊ ဆိုရီးယေးစစ် အနာနဲ့ အရေပြား ယားယံခြောက်သွေ့မှုတို့လို အရေပြား ပြဿနာတွေ သက်သာစေဖို့ နွယ်ချိုက အသုံးဝင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ နွယ်ချိုရဲ့ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်ဟာ နှင်းခူ လက္ခဏာကို လျော့ပါးစေတယ်လို့ သိရပါတယ်။ အစာခြေစနစ် ပြဿနာများ နွယ်ချိုဟာ အစာခြေစနစ် ပြဿနာတွေနဲ့ အစာခြေစနစ် ရောင်ရမ်းတာ၊ မသက်မသာ ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ နွယ်ချိုရဲ့ ဖလေဗိုးနွိုက်ဟာ ဝေဒနာ သက်သာစေတဲ့ အစွမ်း ရှိတာကြောင့် အူမကြီးကို ကျန်းမာစေပြီး အစာခြေ စနစ်ကို ကျန်းမာစေပါတယ်။ ရေယုန် နွယ်ချိုအမြစ်ဟာ ရေယုန်၊ အနာ စတာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေ့လာမှု အမျိုးမျိုးအရ နွယ်ချိုဟာ ရေယုန် ဗိုင်းရပ်စ်ကြောင့် အနာဖြစ်မှုကို ချိုးနှိမ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကိုယ်အလေးချိန် လျှော့ချခြင်း လေ့လာမှုအရ တစ်နေ့ နွယ်ချို အနည်းငယ် စားတာကြောင့် ကိုယ်ခန္ဓာ အဆီကို လျော့ကျစေကြောင်း သိရပါတယ်။ ကိုယ်အလေးချိန် လျော့ကျဖို့ရာအတွက် နွယ်ချိုနဲ့အတူ မျှတတဲ့ အစာစားတာ၊ ပုံမှန် လေ့ကျင့်ခန်း လုပ်တာတို့ လိုက်နာရင် ကိုယ်တွင်း အဆီကို သိသိသာသာ လျော့ကျစေပါတယ်။ တံတွေးဂလင်း နွယ်ချိုဟာ တံတွေးဂလင်းဆိုင်ရာ ပြဿနာကို ကုသဖို့အတွက် ပုံမှန် ဆေးဖက်ဝင် ပစ္စည်းပါ။ နွယ်ချိုဟာ လည်ချောင်းနာတာကို သက်သာစေပြီး တံတွေး ထွက်ရှိမှု လျော့နည်းတာကိုလည်း သက်သာစေပါတယ်။ နွယ်ချို၏ ဘေးထွက် ဆိုးကျိုးများ နွယ်ချိုကို ကြာရှည် စားတာကြောင့် သွေးတိုးတာ၊ သွေးတွင်း ပိုတက်စီယမ် လျော့နည်းတာ၊ အတွင်းတိမ် ဖြစ်တာနဲ့ ကိုယ်တွင်း အရည်ဆွဲအား များတာတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိသူတွေ အနေနဲ့ နွယ်ချိုကို ရှောင်သင့်ပါတယ်။ သတိပြုရန် ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် မိခင်နို့ချို တိုက်ကျွေးစဉ် နွယ်ချို မစားပါနဲ့။ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးတာနဲ့ နှလုံးမကောင်းတာတို့ ဖြစ်ရင် နွယ်ချိုကို မစားသင့်ပါ။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment