ည ည အိပ်ပျော်စေမည့် အစားအသောက်

ည ည အိပ်ပျော်စေဖို့ အိပ်ဆေးတွေ သောက်နေစရာ မလိုဘဲ သဘာဝအတိုင်း အိပ်မောကျစေမယ့် အစားအသောက်တွေ ဖြစ်ကြပါတယ်။ အခွံချွတ်မထားသော ကောက်နှံစာ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေဖြစ်တဲ့ အုတ်ဂျုံ၊ ကွေကာ၊ ပေါင်မုန့်ညို စတဲ့ ကာဗိုဟိုက်ဒရိတ် အစာတွေက ဆီရိုတိုနင် ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။ ဆီရိုတိုနင်ဟာ နာ့ဗ်ကြောတွေရဲ့ လုပ်ဆောင်မှုကို နှေးစေပြီး ဦးနှောက်ကို ငြိမ်သက်စေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ညမှောင်လာချိန်မှာ ဦးနှောက်ဟာ ဆီရိုတိုနင်ကို တခြားဟော်မုန်း မယ်လတိုနင်အဖြစ် ကူးပြောင်းစေပြီး အိပ်မောကျစေပါတယ်။ အနီရောင်အသားနှင့် အခြား သံဓာတ်များစွာ ပါဝင်သည့် အစာ ညဘက်မှာ ခြေထောက်တွေ ဆတ်ခနဲလှုပ်ပြီး လန့်နိုးစေတာက သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သံဓာတ်များစွာ ပါဝင်တဲ့ အစားအသောက်ကို စားပါ။ အဆီထုတ်ထားတဲ့ အနီရောင်အသားမှာ ပြည့်ဝဆီ ပါဝင်မှု နည်းတာကြောင့် နေ့လယ်စာအဖြစ် စားပေးသင့်ပါတယ်။ ကြက်ဆင်သား ကြက်ဆင်သားမှာ အမိုင်နိုအက်စစ် ထရစ်ပတိုဖန် ပါဝင်မှုများပြီး ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်ကို ထွက်ရှိစေပါတယ်။ တကယ်လို့ ကြက်ဆင်သား မရှိရင်လည်း စိတ်မပူပါနဲ့။ ပျားရည်နဲ့ နွားနို့ရှိရင် အဆင်ပြေပါတယ်။ ပျားရည် ဒါမှမဟုတ် နွားနို့ပူပူ တစ်ခွက်ကို သောက်ရင် ဦးနှောက်ထဲကို ထရစ်ပတိုဖန်ဓာတ် ဝင်ရောက်မှု များစေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ ချမိုမိုင်း လက်ဖက်ရည် ချမိုမိုင်း လက်ဖက်ရည်ဟာ စိတ်အေးချမ်းစေတဲ့ အာနိသင် ရှိတာကြောင့် ညဘက် အိပ်ရာမဝင်ခင် ချမိုမိုင်း လက်ဖက်ရည်ပူပူ တစ်ခွက် သောက်ရင် အိပ်မောကျစေပါတယ်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget