ဆီပူလောင်နာကို သက်သာစေနည်းများ

(၁) မင်သော်သွားတိုက်ဆေး မည်သို့သော မင်သော်ပါဝင် သည့် သွားတိုက်ဆေးမျိုးမဆို ထိ ရောက်စေသည်။ ယင်းက ပူလောင် ကျိန်းစပ်သော ဝေဒနာကို အေးမြစေ ပြီး အနာကျက်စေခြင်း၊ အမာရွတ် ကျန်ခြင်းကို ကာကွယ်ပေးခြင်းတို့ ဖြစ်စေသည်။ (၂) ဆားနှင့် ရေခဲ အပူလောင်နာအပေါ် ဆား တင်ခြင်းသည် ရုတ်တရက် ဘာမှ မဆိုင်သလို ထင်စေနိုင် သည်။သို့သော် ဆားကရောဂါပိုးမွှားကိုသေ စေနိုင်ပြီး အပူလောင်ခြင်းမှ နောက် ဆက်တွဲဖြစ်တတ်သော အရေပြား ရောဂါကို ကာကွယ်ပေးသည်။ အနာ ပေါ်ကို ဆားအနည်းငယ်မျှသာ ဖြူး ပြီး (၁၅)မိနစ်ခန့် ရေခဲတင်ပေးပါ။ (၃)ရှားစောင်းလက်ပတ် အရေပြားတစ်သျှူးကို စေ့သွား စေသည်။ အကယ်၍ ရှားစောင်းလက် ပတ် အိမ်တွင်စိုက်မထားပါက ယခု အခါတွင် ရှားစောင်းနှင့် လုပ်သော ခရင်၊ gel များ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ် သည်။ အရေပြားအတွက် အကောင်း ဆုံးတစ်လက်ဖြစ်သည်။ (၄)သခွားသီး သခွားရည်ဖြင့် အပူလောင်နာ ကို သုတ်လိမ်းပေးပြီး သက်သာစေနိုင် သည်။ (၅)နနွင်း အိန္ဒိယ ရိုးရာသုံးပစ္စည်းဖြစ်ပြီး နနွင်းနှစ်ကို အုံပါက အနာရွတ်မကျန် ပဲရောင်ရမ်းခြင်းသက်သာစေသည်။ (၆)ပျားရည်နနွင်း အပူလောင်နာကို အမြန်ကျက် စေခြင်း၊ နာကျဉ်မှုသက်သာစေခြင်း၊ အမာရွတ်မပေါ်စေခြင်းတို့ကို ပေး စွမ်းနိုင်သည်။ (၇)သံလွင်ဆီနှင့် လာဗင်ဒါဆီ ၄င်းသည်လည်း အပူလောင်နာ ကို အမြန်ကျက်စေပြီး အမာရွတ်ပေါ် ခြင်းကို လျော့နည်းစေသည်။ ရက် သတ္တပတ် အနည်းငယ်ကျော်မှန်မှန်လိမ်းပေးပါ။ အမဲကွက်ဒဏ်ရာကို မကြာခဏ လိမ်းပေးခြင်းဖြင့် ဖြူစင် ချောမွတ်စေသည်။ (၈)ရှာလကာရှည် ရှာလကာရည်ကို အဝတ်တွင် စွတ်၍ အပူလောင်နာ၏ ပတ်ဝန်း ကျင်နေရာတစ်ဝိုက်ရှိြွကက်သားများ ကိုတို့လိမ်းပေးပါ။ အနာလုံးဝပျောက် သည်အထိ ထပ်ခါထပ်ခါ လိမ်းပေး ခြင်းဖြင့် ဝေဒနာသက်သာစေသည်။ အနာကို ပတ်တီးမစည်းပါနှင့် အပူလောင်နာသည် ပတ်ဝန်းကျင် လေဖြင့်ပင်အနာကို သက်သာစေ သည်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget