၁။ ရေများများသောက်ပါ ဆီးကျောက်အများစုက ကယ်လ်စီယမ်၊ ဖော့စဖိတ်နဲ့ အောက်ဇဲလိတ်နဲ့ အစားအစာတွေကနေ ရရှိတဲ့ တချို့ သတ္တုဓာတ်တွေကနေ ဖြစ်လာပါတယ်။ အဲဒီဓာတ်တွေကို ခန္ဓာကိုယ်က ဆီးကတစ်ဆင့် စွန့်ပစ်ပါတယ်။ ဆီးထဲမှာ သတ္တုဓာတ်တွေ အလွန်အမင်း များပြားနေပါက အနည်ထိုင်ပြီး ကျောက်ဖြစ်လာပါတယ်။ ဆီးထဲမှာ သတ္တုဓာတ်တွေ အနည်ထိုင်မှု မရှိအောင် တစ်နေ့ကို အနည်းဆုံး ရေ ၆-၈ ဖန်ခွက် သောက်ပါ။ ၂။ ဆော်ဒါအချိုရည် သောက်သုံးမှုကို ရှောင်ပါ လတ်တလော လေ့လာမှုအရ သကြားဓာတ်များတဲ့ ဆော်ဒါအချိုရည် သောက်သုံးသူတွေဟာ မသောက်သုံးသူတွေထက် ကျောက်ကပ် ကျောက်တည်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အချိုရည်တွေမှာ ပါဝင်တဲ့ ဖရက်တို့သကြားက ကယ်လ်စီယမ်၊ အောက်ဇဲလိတ်၊ ယူရစ်အက်စစ်တွေကို အနည်းကျစေ နိုင်တာကြောင့်ပါ။ ၃။ အစားအသောက်မှ ကယ်လ်စီယမ်ဓာတ်ကို ရယူပါ ကယ်လ်စီယမ် ဆေးဝါးတွေ ဖြည့်စွက် သောက်သုံးတာက ကျောက်တည်နိုင်ခြေ များစေပါတယ်။ ဒါပေမဲ့ အစားအသောက်ကနေ ရရှိတဲ့ ကယ်လ်စီယမ်က အူလမ်းကြောင်းထဲမှာ အောက်ဇဲလိတ်တွေနဲ့ ပေါင်းလိုက်တာကြောင့် ကျောက်ကပ်ထဲ မရောက်အောင် လုပ်ဆောင်ပြီး ဆီးကျောက် မတည်အောင် ကာကွယ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ၄။ ကော်ဖီတစ်ခွက် သောက်ပါ တစ်နေ့ကို ကော်ဖီတစ်ခွက် သောက်သူတွေဟာ ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၂၆ ရာခိုင်နှုန်း လျော့နည်းစေပြီး ကဖင်းမပါတဲ့ ကော်ဖီသောက်သူတွေက ၁၆ ရာခိုင်နှုန်းနဲ့ လက်ဖက်ရည်ကြမ်း သောက်သူတွေက ၁၁ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို အမေရိကန် ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ၅။ အောက်ဇဲလိတ် ပါဝင်သော အစာများ လျှော့ချစားသောက်ပါ အောက်ဇဲလိတ်က ဆီးကျောက် တည်စေတာကြောင့် ဒီသတ္တုဓာတ်များစွာ ပါဝင်တဲ့ အစားအစာတွေကို လျှော့ချစားသောက် သင့်ပါတယ်။ ဟင်းနုနယ်ရွက်၊ ဆလတ်ရွက်၊ ဘယ်ရီသီး၊ သကြားမုန်လာ၊ အစေ့အဆန်နဲ့ ချောကလက်တွေမှာ အောက်ဇဲလိတ်များစွာ ပါဝင်တာကြောင့် အလွန်အမင်း စားသောက်မှုကိုရှောင်ပါ။ ၆။ ဇီဝဖြစ်ပျက်မှု ကောင်းမွန်အောင် ပြုမူနေထိုင်ပါ ဇီဝဖြစ်ပျက်မှု နှေးကွေးတာကြောင့် ဗိုက်ပူတာ၊ သွေးတွင်းမကောင်းတဲ့ အဆီတွေ များလာတာ၊ ကောင်းတဲ့အဆီတွေ နည်းသွားတာ၊ သွေးဖိအား မြင့်တက်တာ၊ သွေးတွင်းသကြားဓာတ် များတာတွေဖြစ်ပြီး နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ မြင့်မားတာတွေအပြင် ဆီးကျောက် တည်နိုင်ခြေ ၅၄ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။ တက်ကြွလှုပ်ရှားတဲ့ လူနေမှုပုံစံအတိုင်း ပြောင်းလဲကျင့်သုံး နေထိုင်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေက ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ရောဂါဘယတွေကနေ ကင်းဝေးနိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment