သွေးအား ကောင်းလိုသူတို့ အတွက် အပင်ထွက် အာဟာရ

စပျစ်သီး စပျစ်သီးမှာ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓါတ်၊ ဗီတာမင် အများအပြားနဲ့ အမိုင်နိုအက်စက်တို့ ပါဝင်မှု များတာကြောင့် အသက်ကြီးသူ၊ အမျိုးသမီးတွေနဲ့ သွေးအားနည်းရောဂါ ရှိသူတွေ အတွက် အကောင်းဆုံး အားဆေးတစ်လက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ စပျစ်သီး စားတာကြောင့် သန္ဓေသားဆီကို အာဟာရ ရောက်ရှိမှု ကောင်းစေရုံသာမက အသားအရေ စိုပြည်နီမြန်းစေပါတယ်။ ရွှေဖရုံသီး ရွှေဖရုံသီးမှာ အပင်ထွက် ပရိုတင်း၊ ကာရိုတင်း၊ ဗီတာမင်တွေ၊ မရှိမဖြစ် အမိုင်နိုအက်စစ်၊ ကယ်လ်စီယမ်၊ ဇင့် (သွပ်)၊ သံဓါတ်ကိုတော့ ဖော့စ်ဖရပ်စ် စတာတွေ အများအပြား ပါဝင်ပါတယ်။ ကိုဘော့ဟာ ဗီတာမင် B12 ဖြစ်ပေါ်စေတဲ့ အဓိက ဒြပ်စင်တစ်မျိုး ဖြစ်တာကြောင့် သွေးနီဥတွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဇင့် (သွပ်) ဓါတ်ဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာအပေါ် တိုက်ရိုက် သက်ရောက်မှုရှိပြီး သံဓါတ်ကတော့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ ဒြင်စင်တစ်မျိုး အနေနဲ့ ဆောင်ရွက်ပါတယ်။ မုန်လာဥနီ မုန်လာဥနီမှာ ကာရိုတင်း ပါဝင်မှုများပြီး သွေးအားကောင်းစေတာကြောင့် ဂျင်ဆင်းလို့တောင် ဂျပန်လူမျိုးတွေက တင်စား ခေါ်ဝေါ်ကြပါတယ်။ မုန်လာဥနီ စွပ်ပြုတ်ကို လူအများစုက စားလေ့ရှိသလို မုန်လာဥနီကို ဖျော်ရည်ဖျော်ပြီးလည်း သောက်သုံး နိုင်ပါတယ်။ ကြံရိုး ကြံရိုးမှာ သံဓါတ်၊ ဇင့် (သွပ်)၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနိစ်ဓါတ်တွေ ပါဝင်မှု မြင့်မားတာကြောင့် သွေးအား ကောင်းစေပါတယ်။ အနီရောင် စွန်ပလွံသီး အနီရောင် စွန်ပလွံသီးမှာ ဗီတာမင်တွေ၊ ဖရက်တို့စ်နဲ့ အမိုင်နိုင်အက်စစ် အမျိုးမျိုး ပါဝင်ပါတယ်။ တရုတ်ဆေးပညာ အယူအဆအရ အနီရောင် စွန်ပလွံသီးမှာ အနွေးဓါတ် ရှိတယ်လို့ ယုံကြည်တာကြောင့် သွေးအားကောင်းစေသလို သွေးလှည့်ပတ်မှု ကောင်းစေတယ်လို့ ဆိုပါတယ်။ အနီရောင် စွန်ပလွံသီးမှာ သွေးထဲက သွေးနီဥတွေကို အားကောင်းစေတဲ့ ဒြပ်တွေ ပါဝင်တဲ့အပြင် ရိုးတွင်းခြင်ဆီ လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။ ပဲမည်း ပဲမည်းဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးရှိပါတယ်။ ပဲမည်းမှာ ပရိုတင်းဓါတ် ပါဝင်မှုများပြီး ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် ပဲမည်းစားရင် သွေးအားကောင်းစေသလို ဆံကေသာကို မည်းနက်တောက်ပြောင် စေပါတယ်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget