ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့်
သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။
ဆေးနည်း
(၁) သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။
(၂) ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။
(၃) ၄င်းအစေ့များကို မီးဖုတ်ပေးပါ။
(၄) ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ
ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့်
ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။
နောက်တစ်နည်း
ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။
ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ
လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် လိမ်းပေးပါ။
ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။
သန်စွမ်းနက်မှောင်၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ
မျှဝေပေးတာမတ္တာတစ်ခုပါ.......
ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း
12:59 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment