သည်းခြေအတွက် ရဲယိုရွက်

ရဲယိုရွက်ဟာ ဆေးဖက်ဝင်သည့် စားစရာအရွက်တစ်မျိုး ဖြစ်ပါတယ်။ ရဲယိုရွက်နှင့် အသီးတို့ကို မြန်မာဆေးများ ဖော်စပ်ရာတွင် အသုံးပြုထားသည်ကို မြန်မာဆေးကျမ်းများမှ မကြာခဏ မြင်တွေ့ရပါတယ်။
ရဲယိုရွက်ကို ဆေးအတွက်သာမကပဲ စားစရာဟင်းအဖြစ်ပါ အမျိုးမျိုးချက်ပြုတ်ကာ စားသောက်ကြပါတယ်။ အရွတ်နုများကို ငါးခူး၊ ငါးမြွှေထိုး စသည့်ငါးများနှင့် ချက်၍ စားတတ်ကြပါတယ်။ အရွက်ကို ပြုတ်၍ ငပိရည်နှင့် တို့စားကြပါတယ်။ အသီးအမှည့်ကို ပျားရည်နှင့် ဆေးဖော်စပ်၍ စားသုံးကြပါတယ်။ အသီးမှည့်ကို ထန်းလျက်နှင့် ရောနယ်၍လည်း ဆေးအဖြစ် မှီဝဲကြပါတယ်။
ရဲယိုရွက်ဟာ အထူးသဖြင့် ၀မ်းတွင်းမှ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ သည်းခြေရောဂါ၊ ၀မ်းချုပ်၊ ၀မ်းရစ်၊ ၀မ်းကိုက်ရောဂါ၊ အစာမကြေရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
သည်းခြေအနာဖြစ်နေသူများအနေဖြင့် အရွက်ကို ဟင်းချက်စားခြင်း၊ ပြုတ်၍ တို့စားခြင်း၊ ဒန့်သလွန်ရွက်နှင့်အတူ ဟင်းရည်ချက်သောက်ခြင်း၊ အသီးအနုကို ပြုတ်၍ သုပ်စားခြင်း၊ အသီးအမှည့်ကို ပျားရည်နှင့်ခေါက်၍ စားခြင်းတို့ဖြင့် သည်းခြေနှင့်ပတ်သက်သော ရောဂါမ်ျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေပါသည်။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ဆေးဖက်ဝင်အပင်များ၊ ရိုးရာဆေးနည်းများ

မျှဝေပေးတာမတ္တာတစ်ခုပါ.......

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget