မျက်နှာပေါ်မှာ ၀က်ခြံပေါက်လာလျှင် အချို့က မှည့်အောင်ထားပြီးမှ ဖယ်ရှားကြသလို အချို့က မမှည့်ခင်မှာ ညစ်ထုတ်တတ်ကြသည့်အတွက်မျက်နှာပေါ်မှာ အမာရွတ်နှင့် အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။
ထိုအမာရွတ်များ၊ မှဲ့ခြောက်များ၊ တင်းတိပ်များကို ခေတ်မီဆေးဝါးအမျိုးမျိုးဖြင့်
ပျောက်အောင်ကုသနိုင်ကြသလို အောက်ပါသဘာဝနည်းများဖြင့်လည်း ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
ဆေးနည်း (၁)
ဖရဲသီးအခွံနားကပ်နေတဲ့ အောက်ခံအဖြူရောင်အသားကို ပါးပါးလှီး၍
အမာရွတ်ရှိသည့် မျက်နှာပေါ်ကိုအုပ်ထားပြီး နာရီဝက်ခန့်ကြာလျှင်
မျက်နှာသစ်လိုက်ပါ။
ဆေးနည်း (၂)
ဖရဲသီးစားသည့်အခါ
အောက်ခံအဖြူကိုပါ စားပေးပါ။ အပူအပုတ်များကို စုပ်ထုတ်ပေးပါသည်။ ၀မ်းမှန်၊
ဆီးမှန်စေပါသည်။ ၀က်ခြံ၊ တင်းတိပ်တို့ကို ကာကွယ်ပေးကာ
အသားအရည်စိုပြေ၀င်းပစေပါသည်။
ဆေးနည်း(၃)
မျက်နှာကို
ဆေးကျောသန့်စင်ပြီးလျှင် ငရုတ်ကောင်းမှုန့်နှင့် ဒိန်ချဉ်ကို ရောစပ်ကာ
လိမ်းပေးပါ။ နာရီဝက်ခန့်ကြာလျှင် မျက်နှာကို ဆပ်ပြာဖြင့်
သေချာစွာသစ်လိုက်ပါ။
ဆေးနည်း(၄)
ရေချိုးခါနီးတွင် ၃
မိနစ်ခန့်ကြာအောင် ဆန်ဆေးရည်ဖြင့် မျက်နှာကို ဖြေညင်းစွာ သစ်ပေးပါ။
ရေချိုးပြီးလျှင် PRAEL Skincare ကို ပါးပါးလိမ်းပေးပါ။
၎င်းနည်းလမ်းများကို တစ်ပတ်ကို (၂) ကြိမ် သို့မဟုတ် (၃) ကြိမ်နှင့်
တစ်လခန့် ပုံမှန်ပြုလုပ်ပေးပါက မှဲ့ခြောက်၊ ၀က်ခြံ၊ တင်းတိပ်၊ အမာရွတ်များ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ဖြူဝင်ဝင်းပသော မျက်နှာပိုင်ရှင်များ ဖြစ်နိုင်ကြပါစေနော်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - အလှအပရေးရာများ၊ ရိုးရာဆေးမြီးတိုများ
မျှဝေပေးတာမတ္တာတစ်ခုပါ.......
မှဲ့ခြောက်နှင့်တင်းတိပ်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း
12:58 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment