ဗောက်ပျောက်စေမည့် သဘာဝဆေးနည်း

ဗောက်ထ၍ စိတ်ညစ်နေသူများ၊ ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ကိုယ်တိုင်လုပ် သဘာဝကျကျ ဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်သော ပစ္စည်းများ
(၁) ထောလပတ်ရွက် (၁၅) ရွက်
(၂) လက်ဖက်အစို (ထမင်းစားဇွန်း)၂ ဇွန်းခန့်
(၃) အုန်းဆီ ၅ ကျပ်သား
ဖော်စပ်နည်း
(၁) ထောလပတ်ရွက်နှင့် လက်ဖက်အစိုတို့ကို ရောစပ်၍ ညက်နေအောင်
ထောင်းပါ။
(၂) ပြီးလျှင် ဖန်ပုလင်းထဲကို ထည့်ပါ။ အုန်းဆီကို လောင်းထည့်ပါ။
(၃) အဖုံးလုံအောင်ပိတ်၍ နှပ်ထားပါ။ ရေခဲသေတ္တာထဲလည်း ထည့်ထားနိုင်ပါသည်။
(၄) ၃ရက်ခန့် နှပ်ထားပြီးလျှင် ၄င်းဗောက်ပျောက်ဆေးကို တစ်ဇွန်းခန့် ဦးရေပြားအနှံ့ တစ်ရက်ခြားစီခန့် ပုံမှန်လိမ်းပေးပါက ၂ ပတ်အတွင်း ဗောက်များ ပျောက်ကင်းသွားမည်။
ဆံပင်များလည်း သန်စွမ်းနက်မှောင်လာစေပါမည်။
သင့်မိတ်ဆွေများကိုလည်း မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့နေဆိုင်(ပူတာအို)
ကျမ်းကိုး - နက္ခတ္တရောင်ခြည်မဂ္ဂဇင်း

မျှဝေပေးတာမတ္တာတစ်ခုပါ.......

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget