အလွန်ဆေးစွမ်းထက်သော ဆေးပင်ဖြစ်ပါတယ်။ နေရာဒေသပေါ်မူတည်ပြီး
အခေါ်အဝေါ်အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ Google မှာလည်း Scoparia Dulcis
လို့ ရိုက်ပြီးရှာလိုက်ရင် ဒီဆေးပင်၏ ပုံပေါင်းများစွာကို
မြင်တွေ့ရမှာဖြပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာလည်း အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
ဒန္တသုခအပင်ရဲ့ ပဉ္စငါးပါး(တစ်ပင်လုံး)ဟာ ဆေးဖက်ဝင်ပါတယ်။
(၁) သွားကိုက်သွားနာဖြစ်လျှင်
ဒန္တသုခပင်ကို လက်တစ်ဆုပ်ခန့် ရေစင်အောင်ဆေးပြီး ပြုတ်၊ ၄င်းပြုတ်ရည်ဖြင့် ငုံပေးပါ၊ ပလုတ်ကျင်းပေးပါ။
(၂) ဆေးလိပ်ဖြတ်ချင်သူများအတွက်
ဒီအပင်ကို ၂ ပင်၊ ၃ ပင်ခန့် ရေနွေးပွတ်ပွတ်ဖြင့် (၁၀)မိနစ်ခန့် ပြုတ်ကာ
ဆေးရည်ကို ၂ လခန့် သောက်သုံးပေးပါက ဆေးလိပ်စွဲနေတဲ့ အာသီသများကို
ရာခိုင်နှုန်း ၆၀% အထိ လျှော့ချပေးနိုင်ကြောင့် လေ့လာတွေ့ရှိထားကြပါတယ်။
(၃) အနာအမျိုးမျိုးအတွက်
ဒီဆေးပင်၏ အရွက်အစိမ်းကို ထောင်း၍ အနာပေါ်ကို အုပ်ပေးပါက အနာများ ကျက်သွား၍ တဖြေးဖြေး သက်သာပျောက်ကင်းသွားပါမည်။
(၄) ပွေး၊ ၀ဲ၊ ညှင်းများအတွက်
အရေပြားပေါ်တွင် ပေါက်နေသော ပွေး၊ ၀ဲ၊ ညှင်းနှင့် နှင်းခူးရောဂါများကိုလည်း
၎င်းဆေးပင်တစ်ပင်လုံးကို ကြိတ်၍ အရည်ရော အဖတ်ပါ ရောဂါပေါ်ကို အုပ်ထားပါက
ပျောက်ကင်းစေပါသည်။
(၅) ဆီးချိုသမားများအတွက်
ဆေးပင်၏
အပင်နှင့်အရွက်ကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကို သုံးသကဲ့
ရေနွေးပွက်ပွက်ထဲ ထည့်ပြုတ်ကာ အ၀ါရောင်သန်းနေသည့်အထိ ပြုတ်၍ သောက်ပေးပါက
ဆီးချိုရောဂါသက်သာစေပြီး ကိုယ်လက်ညောင်းညာခြင်းများ၊
ဇက်ကျောတက်ခြင်းများကို သက်သာစေပါသည်။
(၆) အစာအိမ်၊ အသည်းရောဂါ၊ ဆီးရောဂါနှင့် မျက်စိရောဂါများအတွက်
ဒီဆေးပင်ကို ရှေးခေတ်သမားတော်များကလည်း အစာအိမ်၊ အသည်းရောဂါ၊
ဆီးရောဂါနှင့် မျက်စိရောဂါနှင့် ငှက်ဖျားချွေးထုတ်ဆေးများအဖြစ်
အသုံးပြုလာခဲ့ပါတယ်။
(၇) ဒီဆေးပင် အိန္ဒိယသမားတော်များကတော့ ချောင်းဆိုးပျောက်ဆေး၊ ဆီးရွှင်ဆေးနှင့် သံချဆေးအဖြစ် အသုံးပြုပါတယ်။
(၈) ဒီဆေးပင်ကို ကမ္ဘောဒီးယားသမားတော်များကတော့ ငှက်ဖျားရောဂါ၏ ကိုယ်ပူကျဆေးအဖြစ် အသုံးပြုကြပါတယ်။
(၉) ဒီဆေးပင်ဟာ သွေးကျရောဂါကိုလည်း သက်သာစေ၍ သွေးသားကောင်းမွန် လာစေရန် အလွန်အစွမ်းထက်ပါတယ်။
(၁၀) ဒန္တသုခဆေးပင်၏ အစွမ်းအထက်ဆုံး ဆေးနည်းကတော့ မြွေဆိပ်ကို
ဖြေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မြွေ၊ ကင်း၊ ပျား၊ ပုရွတ်ဆိတ်စတဲ့
အဆိပ်ရှိတဲ့အကောင်များ အကိုက်ခံရလျှင် ၄င်းအပင်၏ အရွက်၊ အကိုင်း၊
အပွင့်တို့ကို ရောကြိတ်၍ အနာပေါ်ကို အုပ်ပေးထားပါက ၁၅ မိနစ်အတွင်း
အဆိပ်ပြေသွားပါသည်။
နယ်စွန်းနယ်ဖျားဒေသ၊ တောဒေသနှင့် မြွေပေါသည့်
အရပ်ဒေသတို့မှာ နေထိုင်ကြသူများအတွက် အလွန်အဖိုးတန်သည့် အရေးပေါ်
အသက်ကယ်ဆေးတစ်လက်ဖြစ်ပါသည်။
သင့်မိတ်ဆွေများကိုလည်း Share ပေးခြင်းဖြင့် တန်ဖိုးရှိလှသည့် ဆေးပင်အကြောင်းကို မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - မြန်မာ့ဆေးကျမ်းများ
မျှဝေပေးတာမတ္တာတစ်ခုပါ.......
ဆေးစွမ်းထက်သော ဒန္တသုခဆေးပင်
11:40 PM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment