ဒီတစ်ခါတော့ ခရမ်းချဉ်သီးရဲ့ အလှအပရေးရာ အကျိုးကျေးဇူးတွေနဲ့ ခရမ်းချဉ်သီးနဲ့ မျက်နှာ ပေါင်းတင် နည်းတွေပါ ဖော်ပြထားပါတယ်။ ၁။ သင်စားတဲ့ အစားအစာထဲမှာ ခရမ်းချဉ်သီးလည်း ပါပါစေ။ ခရမ်းချဉ်သီးက အသားအရေ အရောင်အတွက် များစွာ အထောက်အကူပေးပြီး အရေပြားကို တင်းရင်း လှပစေပါတယ်။ ၂။ ခရမ်းချဉ်သီးကို စားသုံးခြင်းဖြင့် ခရမ်းချဉ်သီးမှာ ပါဝင်တဲူ့ပခသစနညန ဓာတ်က အရေပြားကို ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ပေးပါတယ်။ ၃။ ခရမ်းချဉ်သီးက အရွယ်ကျခြင်းနဲ့ အရေးအကြောင်း ဖြစ်ခြင်း တို့ကိုလည်း လျော့ပါးစေပါတယ်။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင် နည်းတွေက တော့ - (၁) ခရမ်းချဉ်သီး တစ်လုံးနဲ့ ရှောက်သီး တစ်လုံးကို ယူပါ။ အရည်ညှစ်ပြီး ပန်းကန်လုံးထဲတွင် ရောမွှေပါ။ မျက်လုံး နေရာတွေကို ချန်လှပ်ပြီး မျက်နှာ အနှံ့လိမ်းပါ။ မိနစ် (၃၀) ခန့် ထားပြီးသည့်နောက် မျက်နှာသစ် လိုက်ပါ။ ထိုနည်းက မျက်နှာတင်းရင်းစေပြီး အရွယ်ကျခြင်းကို ထိန်းချုပ် ပေးပါတယ်။ အသားအရေ ခြောက်သွေ့တဲ့ သူတွေကတော့ ပျားရည် အနည်းငယ် (သို့) သံလွင်ဆီ အနည်းငယ် ထည့်ရပါမယ်။ (၂) နောက်တစ်နည်း ကတော့ ခရမ်းချဉ်သီး၊ လိမ္မော်သီးနဲ့ သခွားသီးတို့ကို ကြိတ်ချေ အရည်ညှစ်ပြီး ညဘက် မအိပ်ခင်လိမ်းပါ။ မိနစ် (၃၀) ခန့်ထားပြီးနောက် မျက်နှာသစ်ပါ။ ဒီနည်းက မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်တွေကို ပျောက်စေပြီး အသားအရေ ဖြူဝင်းစေပါတယ်။ ခရမ်းချဉ်သီးတွေက အရေပြားအတွက် သာမက ဆံသားအတွက်လည်း ကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးမှာ ဦးရေပြား ယားယံခြင်း ဗောက်ထခြင်း တို့ကို သက်သာစေတဲ့ ဗီတာမင်စီဓာတ် ရှိပါတယ်။ - ခရမ်းချဉ်သီးမှည့် သုံးလုံးကို ကြိတ်ချေပါ။ - ရှောက်ရည် နှစ်ဇွန်းနှင့် ရောပါ။ ထို့နောက် ဦးရေပြားကို လိမ်းပါ၊ ဦးရေပြားကို လက်သည်းဖြင့် မကုတ်ပါနှင့်။ - မိနစ်(၃၀) ခန့်ထားပြီးနောက် ရေဆေးချပါ။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment