ဗိုက်ကြောပြတ်ရာတွေဟာ အများအားဖြင့် ဝမ်းဗိုက်မှာ တွေ့ရပေမယ့် ပေါင်တံ၊ လက်မောင်းအပေါ်ပိုင်း၊ တင်ပါးနဲ့ ရင်သားတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတလေ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုကို လည်း ဖုံးလွှမ်းနေတတ်ပါတယ်။ ဒီအရစ်အကြောင်း ဖြစ်ပေါ်မှု လျော့ကျစေမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ (၁) အာလူးရည် အာလူးရည်မှာ အရေပြားဆဲလ်တွေ ဖွံ့ဖြိုးစေပြီး ထိန်းသိမ်းပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။ သာမန်အရွယ်လောက်ရှိတဲ့ အာလူးတစ်လုံးကို အချပ်လိုက်ဖြစ်အောင် လှီးဖြတ်ပါ။ အဲဒီထဲ တစ်ချပ်ယူပြီး အရစ်အကြောင်းဖြစ်တဲ့နေရာမှာ မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ အရစ်ကြောင်းဖြစ်တဲ့နေရာကို အာလူးရည်တွေ သုတ်လိမ်းမိပါစေ။ အာလူးရည်ကို ခြောက်တဲ့ အထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ (၂) သကြား သကြားအဖြူရောင်က ဗိုက်ကြောပြတ်ရာတွေ ဖယ်ရှားပေးမယ့် အကောင်းဆုံး သဘာဝနည်းတွေထဲ တစ်ခုဖြစ်ပါတယ်။ အပေါ်ယံ အရေပြားဟောင်းတွေကို သကြားသုံး ဖယ်ရှားနိုင်ပါတယ်။ သကြားထမင်းစားဇွန်း (၁) ဇွန်း ကို မက်မွန်ဆီနဲ့ သံပုယိုရည် အစက်အနည်းငယ်နဲ့ ရောစပ်ရပါမယ်။ သေသေချာချာ ရောသမမွှေပြီးပါက အရစ်ကြောင်းတွေပေါ် လိမ်းခြယ်ပေးပါ။ နေ့တိုင်း ရေမိုးချိုးခါနီး အနည်းဆုံး ၁၀ မိနစ်ကြာ ညင်သာစွာ ပွတ်ပေးပါ။ အဲဒီအတိုင်း (၁) လလုပ်ပြီးပါက အရစ်ကြောင်းတွေ ပျောက်လာတာ တွေ့ရပါလိမ့်မယ်။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment