မြန်မာပြည်အနှံ့အပြားမှာ မြင်တွေ့နေရတဲ့
ခရေပင်ဟာ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။
မြန်မာ့ရိုးရာဆေးနည်းများမှာလည်း ခရေပင်၏ အပွင့်၊ အရွက်၊ အခေါက်၊ အသီး
စသည်တို့ ဆေးဖက်ဝင်ပုံများကို အမြောက်အများ တွေ့ရှိရပါတယ်။
(၁)
မိတ်ပေါက်၍ ယားယံခြင်းဖြစ်ပါက ခရေပွင့်ကို ဆားနှင့်သွေး၍ မိတ်ဖုများပေါ်ကို
လိမ်းပေးပါ။ အပွင့်၊ အသီးတို့၏ စိမ်ရေဖြင့် သနပ်ခါးသွေး၍ လိမ်းပေးပါ။
(၂) ၀မ်းလျှောဝမ်းပျက်ဖြစ်လျှင် ခရေသီး၏အတွင်းသား အနှစ်ကို အနည်းငယ်
စားပေးပါ။ ခရေစေ့ကို ရေအေးနှင့်ကြိတ်၍ အနည်းငယ်မျှ သောက်ပါ။ ၀မ်းကို
ရပ်စေပါသည်။
(၃) နှလုံးရောဂါရှိသူများ ခရေအခေါက်ကို ကျို၍ သောက်ပါ။
အပွင့်ကို ရှူပေးပါ။ အသီးကိုလည်း စားပေးနိုင်ပါတယ်။ ရောဂါနုလျှင်
ပျောက်ကင်းပြီး ရင့်လျှင် သက်သာစေပါသည်။
(၄) ဆီးချိုရောဂါရှိသူများ ခရေရွက်နုနုကို ရေ ၃ ခွက် ၁ ခွက်တင် ကျိုသောက်၍ ဆီးချိုကို ချပေးနိုင်ပါသည်။
(၅) ဆီးအိမ်နာကျင်ခြင်း၊ ဆီးရောဂါဖြစ်ခြင်းများအတွက် ခရေပင်၏အခေါက်ကို
ပြုတ်၍ အနည်းငယ် သောက်ပါက ဆီးရောဂါများကို ပျောက်ကင်းစေပါသည်။
အနာအမျိုးမျိုးကိုလည်း ၄င်းပြုတ်ရည်ဖြင့် ဆေးကြောပေးပါက
အနာကျက်လွယ်စေပါသည်။
(၆) သွားဖုံးယောင်ခြင်း၊ အာခေါင်နာခြင်း၊
သွားကိုက်သွားနာခြင်းတို့အတွက် ခရေခေါက်၊ ရှားစောင်းခေါက်၊
ဆီးဖြူခေါက်တို့ကို ဆတူရောပြုတ်၍ ၄င်းပြုတ်ရည်ဖြင့် ပလုတ်ကျင်းခြင်း၊
ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။
မိမိတို့အနားတွင် ရှိနေသောခရေပင်၏ အဖိုးတန်ဆေးနည်းများကို သိရှိနိုင်ရန် မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - ၀င်းသူရညွန့်၊ သမားလက်စွဲကျမ်း
မျှဝေပေးတာမတ္တာတစ်ခုပါ.......
ဆေးစွမ်းထက်သော ခရေပင်
11:13 PM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment