ရာသီဥတုအမျိုးမျိုးပြောင်းလဲမှုတွေကြောင့် ချောင်းဆိုး၍နေလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။
ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့ ဆေးအဘိဓမ္မာကျမ်းထဲမှာလည်း
ပါဝင်ပါတယ်။ သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့်
ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာများပါတယ်။
(၁) သင်္ဘောသီးအစိမ်ပေါ်ကို (ပုံပါအတိုင်း) ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍ အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။
(၂) ၄င်းသင်္ဘောသီးအစေးများကို ရေနွေး အနေတော်ခန့်ဖျော်၍ သောက်ပါ။
(၃) မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပေးပါ။
၎င်းဆေးကို (၂) ရက်ခန့် သောက်ပါက ချောင်းဆိုးကင်းစင်ပြီး သက်သာပျောက်ကင်းသွားပါမည်။
သတိပြုရန် -
သင်္ဘောသီး၊ သင်္ဘောရွက်၊ သင်္ဘောစေးတို့ကို စားသုံးပြီးလျှင်
ဂျင်းပါတဲ့အစားအစာကို ချက်ချင်းမစားပါနှင့်။ အနည်းဆုံး ၁
နာရီခန့်ခြားပြီးမှ စားပါ။ အဆိပ်အတော်ကို ဖြစ်စေလို့ပါ။
ငွေကုန်သက်သာပြီး အလွယ်တကူရနိုင်သော ဆေးမြီးတိုနည်းဖြင့်
ချောင်းဆိုးဝေဒနာခံစားရသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင်(တိုင်းခမ်းတီ)
ကိုးကား - ရိုးရာဆေးမြီးတိုများ
မျှဝေပေးတာမတ္တာတစ်ခုပါ.......
ချောင်းဆိုးပျောက်တဲ့ သင်္ဘောသီးအစေး
1:06 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment