နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။ နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။ နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။ How to Fix Dry Cracked Feet အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment