တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ... ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ *ချောင်းဆိုး (တီဘီ)ရောဂါ... (ချောင်းဆိုးလို စိတ်မညစ်နဲ့တော့) ဆေးနည်း...တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကိုပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။ အပင်ပုံစံ... လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။ အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။ မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။ *အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ... ရေများများသောက်ဖို့ လို... သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား... ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်... *ရေနွေးပူ ၊ ဆီပူလောင်လျှင် ... ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ) *အညောင်းအကိုက်အတွက်ဆေးတစ်လက်... အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မသယ်ချင်အောင် ညောင်းနေရင်ပဲဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့သူများအတွက ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။ *ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် ... ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသောသံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ဆီးထဲတွင်ပါသွားခြင်းတို့ဖြင့်သက်သာပျောက်ကင်းနိုင်ပါသည်။ သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့်မပျောက်နိုင်ပါ။သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီးသက်သာပျောက်ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။ အရွက်မှာ ချဉ်သောအရသာရှိပါသည်။၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍ သုပ်စားခြင်း၊ပြုတ်၍တို့စားခြင်း၊အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်းတို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။ ၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်ဖြစ်ပါသည်။ ၎င်း၏ အရွက ပုံသဏ္ဍာန်မှာသပြေရွက်နှင့်ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှာထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊ မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦးဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်းပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။ (၆)လခန့်စွဲစွဲမြဲမြဲစားပါကသည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။ *လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး... ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသောလိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံသဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့် ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။ သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။ညည်းတွားနေရသည်။ ဆေးနည်း... ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီးသွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။ ပုံသဏ္ဍာန်... ရှားစောင်းလက်ညှိုးမှာ လေးမြောင့်အဆစ်လိုက်အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။ *ကြွက်နို့ ပျောက်ဆေး ... ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget