၁) မာလကာသီးကို တဝက်လှီးပြီး အစေ့များဖယ်၍ ဖျော်ရည်စက်နှင့် ကြိတ်ပါ။ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း (၂)ဇွန်းနှင့်ရော၍ ပျစ်သွားအောင် လုပ်ပါ။ ချွေး ပေါက်များကျယ်ခြင်းမှ ကာကွယ် နိုင်သည့်မျက်နှာဖုံးမျိုးရရှိစေရန် မာလကာရွက် ၂/၃ ရွက်ကို ရော၍ကြိတ်ပါ။ အုတ်ဂျုံ မလွယ်ကူ ပါက အလားတူနို့မှုန်ကို ထည့်ပြီး မျက်နှာဖုံး (mask) ပြုလုပ်ပေးပါ။ ဝက်ခြံနှင့် အမည်းစက်များကို ပျောက်ကင်းစေနိုင်သည်။ (၂) မာလကာသီးကြိတ်ထားသော အနှစ်ကို လိမ္မော်သီး လတ်လတ်ဆတ် ဆတ်နှင့်ရောပြီး (၁၀) မိနစ်ခန့်ထား ပြီးမှ မျက်နှာသစ်ပါ။ လိမ်းရာတွင် မျက်နှာတပြင် လုံးပျံ့နှံ့ပါစေ။ ဤသို့ မျက်နှာပေါင်းခြင်းက နုပျိုစေပြီး အရေးအကြောင်းများကို သက်သာ စေသည်။ (၃)မာလကာရွက်(၂)ရွက်ကို ကြိတ် ပြီး နို့လက်ဖက်ရည်ဇွန်း (၂)ဇွန်း စာဖြင့် ပျစ်သွားအောင် ပြုလုပ်ပါ။ မျက်နှာ ၊ လည်ပင်းတို့ကို လိမ်းပြီး (၁၅) မိနစ် ခန့်ထားပြီးမှ ရေဆေးပါ။ (၄) အသားတင်းပြီးချော စေရန် မာလကာသီးကြိတ်ရည်ကို ငှက်ပျော သီး၊ ရေအနည်းငယ်နှင့် လိမ်းပေးပါ။ (၅) မုန်လာဥနီ၊ မာလကာရွက်(၁) ရွက်ကိုရော၍ ရေအနည်းငယ်ထည့် ပြီးလိမ်းပေးပါ။ နူးညံ့ချောမွတ်သော အသားအရေ ကို ရရှိပြီး မျက်နှာပြင်ရှိ အသားမညီဘဲ ဖြစ်ပေါ်နေသည့် အမည်းကွက် များကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment