(၁) ကြက်သွန်ဖြူလက်ဖက်ရည်ကို သောက်သင့်သည်။ ကြက်သွန်ဖြူ သည် ဘက်တီးရီးယားများကို တိုက် ထုတ်နိုင်သည်။ ရောဂါပိုးမွှားများကို လည်း ဟန့်တားပေးနိုင်သဖြင့် သဘာဝ ဆေးဖက်ဝင်ပစ္စည်း(၁)မျိုး ဖြစ်သည့် ကြက်သွန်ဖြူ(၃)မွှာကို အခွံခွာပြီး ထောင်းပါ။ ရေ (၂)ခွက် နှင့်ပြုတ်ပြီး အပူရှိန်ကိုလျော့၍ နောက် (၁၅)မိနစ် မီးမျှင်းမျှင်းနှင့်တည်ပါ။ ကြက် သွန်ဖြူကိုစစ်ပြီး ပျားရည်၊ သံပရာ ရည် အနည်းငယ်၊ ငြုတ်ကောင်းနှင့် သောက်ပါ။ (၂) ပျားရည်နှင့် ကြက်ပြုတ်ရည်ကို အအေးမိခြင်း၊ တုပ်ကွေးမိခြင်း အ တွက်လည်း သောက်နိုင်သည်။ (၃) ကြက်သွန်နီကို အကွင်းလိုက်လှီး ပြီး သကြားညို၊ ပျားရည်တို့ဖြင့် ပန်း ကန်လုံးထဲတွင်ရောထည့်၍ အဖုံး အုပ်ထားပါ။ ၁၂နာရီမှ ၁၅ နာရီအထိ တစ်ညသိပ်ထားပါ။ ချောင်းဆိုးနှင့် ဖျားနာမှုများကိုလည်း သက်သာစေ သည်။
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment