မျက်လုံးဟာ အရေးပါတဲ့
သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်
မျက်လုံးလှပမှု အတွက်ရော၊ ကျန်းမာနေစေဖို့ အတွက်ပါ ပြုလုပ်သင့်တဲ့ အရာတွေကို
ဖော်ပြပေးလိုက်ပါတယ်။
ဘယ်လို ဂရုစိုက်မလဲ
အမြင်အာရုံ
ကွယ်ပျောက်တာဟာ ကမ္ဘာပေါ်က လှပတဲ့ အရာတွေကို ဆုံးရှုံးရသလိုပါပဲ။
မျက်စိဆရာဝန်ဆီကို ခြောက်လ တစ်ကြိမ်လောက် ပြသ စစ်ဆေးပေးတာကြောင့်
မျက်လုံးထိခိုက်မှု ကြီးကြီးမားမား မဖြစ်ခင် စောစောသိနိုင်ပြီး
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကြည့်ချိန် နာရီဝက်ကြာတိုင်း
နှစ်မိနစ်လောက် မျက်လုံးကို ပိတ်ထားပြီး အနားပေးပါ။ ညဘက် လုံလောက်စွာ
အိပ်စက်ပါ။ ရေသန့်သန့်နဲ့ မျက်လုံးကို ဆေးကြောတာမျိုး၊ သခွားသီး
အစိပ်လေးတွေကို မျက်လုံးပေါ် ကပ်အိပ်တာမျိုးဟာ မျက်လုံးကို ကျန်းမာစေပါတယ်။
မျက်လုံးကျန်းမာဖို့ ဘာစားမလဲ
ဗီတာမင်မျိုးစုံ ပါဝင်တဲ့ အစားအစာတွေ စားပေးရမှာပါ။ မျက်လုံးအတွက်
ဗီတာမင်ဓာတ်ဟာ အရေးကြီးပါတယ်။ ဘယ်လို အသီးအနှံနဲ့ အရွက်မဆို မျက်လုံး
ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သွပ်ဓာတ်ကလည်း မရှိမဖြစ် လိုအပ်တဲ့
မျက်လုံးအတွက် အာဟာရပါ။
Selenium ပါဝင်တဲ့ ကြက်သွန်ဖြူဟာ မျက်လုံး ကျန်းမာရေးအတွက် အကျိုးရှိလှပါတယ်။
- မုန်လာဥနီဟာလည်း မျက်လုံး ကျန်းမာရေးအတွက် မရှိမဖြစ်ပါ။
- ပန်းဂေါ်ဖီစိမ်းကတော့ မျက်လုံးကို အာဟာရ ဖြစ်စေပါတယ်။
- ဥအမျိုးမျိုးမှာ ဗီတာမင်အေ၊ ဒီ၊ B12၊ ဇင့်နဲ့ Lecithin တွေ
ပါဝင်တာကြောင့် မျက်လုံးကျန်းမာဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
- ဟင်းနုနယ်မှာတော့ ဗီတာမင်အေနဲ့ Lutein တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မျက်လုံးကျန်းမာဖို့ စားပေးသင့်ပါတယ်။
မျက်လုံး မထိခိုက်အောင်
ဒါက အဓိက ကျလှပါတယ်။ အရေးကြီးတာက လက်မဆေးရသေးဘဲ မျက်လုံးကို ဘယ်တော့မှ
ပွတ်သပ်ကိုင်တွယ်တာ မလုပ်မိဖို့ပါ။ အထူးသဖြင့် မျက်ကပ်မှန် တပ်ဆင်ချိန်ပါ။
မျက်ကပ်မှန် တပ်ဆင်သူတွေက ရုတ်တရက် ထိခိုက်မှုကြောင့် မျက်ကပ်မှန်
ပြဲရှမသွားဖို့ အထူး ဂရုပြုသင့်ပါတယ်။ ပြင်ပ လုပ်ငန်းခွင်ထဲမှာ မျက်လုံး
ကာကွယ်နိုင်တဲ့ ဦးထုပ်၊ မျက်မှန် တပ်ဆင်ပေးပါ။ မျက်လုံးတစ်ဝိုက်
မိတ်ကပ်တွေကို သန့်စင်ပေးပါ။ Eye Gel ကို ညအိပ်ခါနီးတိုင်း အသုံးပြုပေးပါ။
မျက်လုံး ကြည်လင်လှပပြီး မျက်ကွင်းညိုတာ ကင်းစေပါတယ်။
မျက်လုံးအတွက် အိမ်တွင်းဂရုစိုက်မှု
သခွားသီးနဲ့ အာလူးကို အကွင်းလေးတွေ လှီးပြီး မျက်လုံးပေါ် ၁ဝ မိနစ် - ၁၅
မိနစ်လောက် ကပ်ထားပေးပါ။ စတော်ဘယ်ရီသီးကို ရေအေးအေးထဲမှာ စိမ်ထားပြီး
နာရီအနည်းငယ်ကြာအောင် ထားပြီး အဲ့ဒီရေနဲ့ မျက်လုံးပေါ်ကို ဆေးကြောပေးရင်
ညောင်းညာမှုတွေ ပြေပျောက်စေပါတယ်။ လက်ဖက်အသားကို အဝတ်ပါးနဲ့ ထုပ်ပြီး
မျက်လုံးပေါ် ကပ်ပြီး အိပ်တာဟာ မျက်သားကို ဖြူစင်ပြီး မျက်လုံး
ကြည်လင်စေပါတယ်။
ကွန်ပျူတာ သုံးသူများအတွက်
သင်ဟာ
တစ်နေ့လုံး ကွန်ပျူတာကို အသုံးပြုပြီး အလုပ်လုပ်ရသူဆိုရင် မျက်လုံးကို
အမှန်တကယ် ထိခိုက် နာကျင်စေနိုင်ပါတယ်။ ဒီအတွက် လေ့ကျင့်ခန်း ရှိပါတယ်။
ကွန်ပျူတာကြည့်တာ ခဏတာရပ်လိုက်ပြီး လက်ကနေ ဘောလ်ပင်တစ်ချောင်းကို
ကိုင်လိုက်ကာ အဲ့ဒီဘောလ်ပင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ပါ။ မျက်ရည်ကျရင်
ကျပါစေ။ ကွန်ပျူတာ စကရင်ကနေ တခြားတစ်နေရာကို အာရုံလွှဲလိုက်တာကြောင့်
သင့်မျက်လုံးပေါ်က ဖိအားကို လျှော့ချလိုက်သလိုပါပဲ။ မျက်လုံးက
မျက်ရည်ကျအောင် စိုက်ကြည့်လိုက်တဲ့အတွက် မျက်သား ခြောက်သွေ့မှုကိုလည်း
မဖြစ်စေဘဲ ချောမွေ့နေစေပါတယ်။ စားပွဲမှာ စာကြည့်မီးအိမ် တပ်ဆင်ထားတယ်ဆိုရင်
သင့်မျက်လုံးနဲ့ ခပ်ဝေးဝေးနေရာကနေပဲ အလင်းရောင် ကောင်းကောင်း ရရှိပါစေ။
မျက်လုံးပေါ်ကို တိုက်ရိုက် အလင်း မကျရောက်ပါစေနဲ့။
သင့်မျက်လုံး လှပ ကျန်းမာနေရလေအောင်
2:01 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment