သင့်မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံကို ထိန်းသိမ်းစောင့်ရှောက်ချင်ရင်
မကြာခဏ ညင်ညင်သာသာ မျက်တောင်ခတ်တဲ့ အလေ့အထရှိဖို့ လိုအပ်ပါတယ်။ သင်ဟာ
မကြာခဏ မျက်တောင်ခတ်မှသာ သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့
မှန်မှန်ဖုံးအုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိကျန်းမာရေးအတွက်
မျက်ရည်အလွှာသုံးလွှာကို မရှိမဖြစ် လိုအပ်ပါတယ်။
၁။
မျက်ရည်ပထမဆုံးအလွှာက မျက်စိရဲ့အဖြူသားနဲ့ကပ်ပြီး တည်ရှိနေပါတယ်။ ဒီအလွှာက
မျက်ရည်ဒုတိယအလွှာ စွဲကပ်နိုင်ဖို့အတွက် ပရိုတင်းကြွယ်ဝတဲ့ ရေငွေ့တွေရဲ့
ညီညာတဲ့အလွှာတစ်ခုအဖြစ် တည်ရှိနေပါတယ်။
၂။ ဒုတိယအလယ်လွှာကတော့
ရေဓာတ်များတဲ့အလွှာဖြစ်ပြီး မျက်စိထဲဝင်ရောက်လာတဲ့ ပြင်ပပစ္စည်း
အညစ်အကြေးတွေကို ဆေးကြောဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ဒီအလွှာက
မျက်ကြည်လွှာကို သတ္တုဓာတ်၊ ပရိုတင်းတွေ၊ ရေငွေ့ဓာတ်တွေနဲ့ အာဟာရ
ဖြည့်ပေးပါတယ်။
၃။ မျက်ရည်တတိယအလွှာကတော့ အပြင်ဘက်ဆုံးအလွှာဖြစ်ပြီး
အဆီဓာတ် ပါဝင်ပါတယ်။ ဒီအလွှာက ရေဓာတ်များတဲ့ အလယ်လွှာကို
မြန်မြန်အငွေ့ပြန်မသွားအောင် ကာကွယ်ပေးထားတာပါ။ ဒါ့အပြင် မျက်စိနဲ့
မျက်ခွံကြားမှာ ချောမွေ့နေစေဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်။
သင့်မျက်စိကို အထက်ဖော်ပြပါ မျက်ရည်အလွှာသုံးလွှာနဲ့ မှန်မှန်ဖုံးအုပ်မပေးရင်
သင့်မျက်စိရဲ့ အာဟာရ ရရှိမှုနဲ့ သန့်စင်မှုလျော့နည်းပြီး မျက်စိဟာ မလိုအပ်ဘဲ
ညောင်းညာ ပင်ပန်းနိုင်ပါတယ်။ သင့်မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံအတွက်
အကောင်းဆုံးကတော့ နှစ်စက္ကန့်ကနေ လေးစက္ကန့်ကြာတိုင်း ညင်ညင်သာသာ
မျက်တောင်ခတ်ပေးတာပါ။ တစ်မိနစ်မှာ ၁၅-၃၀ ကြိမ် မျက်တောင်ခတ်ခြင်း
ဖြစ်ပါတယ်။ လူအများစုက သာမန်အချိန်တွေမှာ မကြာခဏ မျက်တောင်ခတ်တတ်ကြပေမယ့်
တစ်စုံတစ်ခုမှာ အာရုံဝင်စားသွားတဲ့အခါ မျက်တောင်ခတ်ဖို့ မေ့သွားကြပါတယ်။
ဥပမာ စာဖတ်တဲ့အခါ၊ ကွန်ပျူတာ သုံးနေတဲ့အခါ၊ တီဗီ ဒါမှမဟုတ်
ရုပ်ရှင်ကြည့်နေတဲ့ အခါတွေမှာ မျက်တောင် သိပ်မခတ်ဖြစ်ကြပါဘူး။ ဒါကြောင့်
ဒီလိုအချိန်တွေမှာ ဂရုစိုက်ပြီး မကြာခဏ မျက်တောင်ခတ်ပေးပါ။
မျက်ကပ်မှန်တပ်ထားရင်လည်း မကြာခဏ မျက်တောင်ခတ်ဖို့
အဟန့်အတားဖြစ်နိုင်ပါတယ်။ မျက်ခွံရဲ့နောက်ဘက် မျက်နှာပြင်က အတုထည့်ထားတဲ့
မျက်နှာပြင်ပေါ်မှာ ပွတ်တိုက်နေရတဲ့အတွက်ပါ။
ဒါကြောင့်
မျက်ကပ်မှန်တွေကို တတ်နိုင်သမျှ အချိန်ကြာကြာ မတပ်ပါနဲ့။ မျက်တောင်
မှန်မှန်ခတ်ရတဲ့ အဓိကရည်ရွယ်ချက်က သင့်မျက်စိကို ချောမွေ့စေပြီး အာဟာရ
ဖြည့်ပေးဖို့အတွက် ဖြစ်ပါတယ်။ သင့်မျက်စိနဲ့ အမြင်အာရုံအတွက် နောက်ထပ်
ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကတော့ သင်ဟာ အမြင်အာရုံကို အသုံးပြုဖို့
မလိုအပ်တဲ့ အချိန်၊ တစ်ခုခုကို စဉ်းစားနေတဲ့အချိန်မျိုးမှာ မျက်စိကို
ခဏလေးပိတ်ပြီး အနားပေးတာပါ။ ဥပမာ သင်ဟာ စာရေးနေစဉ် ဒါမှမဟုတ် E-mail
ပို့ဖို့ စာရိုက်နေစဉ်မှာ နောက်ထပ် ဘာရေးရမလဲလို့ စဉ်းစားနေတဲ့အချိန်မှာ
မျက်စိကို ခဏပိတ်ထားတာက သင့်မျက်စိတွေ ညောင်းညာပင်ပန်းမှုမဖြစ်အောင်
ကာကွယ်နိုင်ပါတယ်။
မျက်တောင်ခတ်ခြင်းနှင့် မျက်စိကျန်းမာရေး
2:03 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment