ချိစ်တွေကို စားသုံးပေးခြင်းဟာ
သွားတွေအခေါင်းပေါက်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုမှာ
အသက် ၁၂နှစ်ကနေ ၁၅နှစ်အတွင်း ဆယ်ကျော်သက် ၆၈ဦး ပါဝင်ခဲ့ပြီး ပါဝင်သူတွေမှာ
နို့ထွက်အစားအစာတွေ မစားသုံးမီ နဲ့ စားသုံးအပြီး ခံတွင်းစံကိုတိုင်းတာခဲ့ပါတယ်။
ကလေးငယ်တွေမှာ ခံတွင်း pH ဟာ ၅.၅ထက်နည်းနေတယ် ဆိုရင် သွားပိုးစားခြင်း၊
သွားအခေါင်း ပေါက် ဖြစ်ခြင်းတွေကို ခံစားရနိုင်ပြီး သွားအပေါ်ယံကြွေလွှာ
enamel ကို ပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် ခံတွင်း pH ဟာ
၅.၅ထက်များမယ်ဆိုရင်တော့ အဲဒီရောဂါတွေ မဖြစ် နိုင်ပါဘူး။
သုတေသီတွေဟာ ပါဝင်တဲ့က လေးငယ်တွေကို အုပ်စုသုံးစုခွဲခဲ့ပြီး
ပထမအုပ်စုကိုချိစ်၊ ဒုတိယအုပ်စုကို နွားနို့နဲ့ တတိယအုပ်စုကို သကြားမ
ပါဝင်တဲ့ ဒိန်ချဉ်တွေကို ကျွေးခဲ့ပါ တယ်။ အစားအစာတွေကို သုံးမိနစ်
ကြာစားသုံးစေပြီး ချက်ချင်းပဲရေနဲ့ အာလုပ်ကျင်းခိုင်းပါတယ်။
အဲဒီ နောက်မှာ စားသုံးပြီး ၁၀မိနစ်၊မိနစ် ၂၀နဲ့၃၀အကြာမှာ ပါဝင်သူ
ကလေး တွေရဲ့ ခံတွင်း pHကို တိုင်းတာခဲ့ပါ တယ်။ တွေ့ရှိရတာကတော့
နို့နဲ့ ဒိန်ချဉ်သောက်တဲ့ ကလေးတွေမှာ ဘာမှပြောင်းလဲမှုမရှိပါဘူး။ ဒါပေ မယ့်
ချိစ်ကို စားသုံးပေးသူတွေမှာ တော့ ခံတွင်း pHတွေ ရုတ်တရက် တက်လာပြီး
သွားအခေါင်းပေါက် မဖြစ်စေတဲ့ အာနိသင်ကို ရရှိခဲ့တာ
တွေ့ခဲ့ရပါတယ်။
ဒီလေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ သွားအခေါင်းပေါက် မဖြစ်စေတဲ့ချိစ်ရဲ့
အာနိသင်ဟာ ခံတွင်းမှာတံတွေးကို ထွက်စေတာ ကြောင့်ဖြစ်ပါတယ်။ တံတွေးဟာ
ခံတွင်းမှာရှိသင့်တဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးနိုင်ပါ
တယ်။နောက်ပြီး ချိစ်မှာပါဝင်တဲ့ ဓာတ်တွေဟာ သွားအပေါ်ယံကြွေလွှာကို
လည်း အက်ဆစ် ဓာတ်ကနေ ကာကွယ်ပေးပါတယ်။
သွားအခေါင်းပေါက်ဖြစ်ခြင်းကိုကာကွယ်ပေးမယ့်ချိစ်
10:23 PM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment