မိုးဦး ကာလတွင် မှိုကို ရာသီစာ အဖြစ်
ဟင်းပွဲများတွင် ပါဝင်လေ့ ရှိသည်။ မှိုကိုကန်စွန်း ရွက်ဖြင့် ကြော်စားလေ့
ရှိကြသည်။ ကန်စွန်းရွက်သည် အနည်းငယ် သောအဆိပ် အတောက်ကို ပြေ စေသော်လည်း
အဆိပ်အတောက် များသော အသီးအရွက်များ အတွက် ထူးခြားမှုရှိမည် မဟုတ်ပါချေ။
ဥပမာ - ဝက်စတူးကဲ့ သို့သော ဟင်းလျာအတွက် ကန်စွန်းရွက် အထိန်းအဖြစ်
ပါရှိအောင် ထည့် သွင်းချက် ကြသည်။ မိုးရာသီ ရောက်လေတိုင်း
မှိုစားမိသောကြောင့် အစာအဆိပ် သင့်သော သတင်းများလည်း မကြာခဏ ကြားနေရ တတ်၏။
မှို၏အရသာ သည်ဆိမ့်၏။ သို့သော် အဆိပ် အတောက် မရှိသော မှိုကိုရွေးချယ် တတ်ဖို့
လိုပေလိမ့်မည်။ အဆိပ် အတောက်ရှိပြီး မစားကောင်း သည့်မှိုများတွင် အောက်ပါ
အမှတ် လက္ခဏာများ ပါရှိမည် ဖြစ်သည်။ သို့အတွက် ဗဟုသုတ ရရှိစေရန် အတွက်ဖော်ပြ
လိုက်ပါသည်။
၁။ မှိုကိုချိုး၍ လျှာဖြင့် တို့ကြည့် ပါက အလွန်အပူပြီး ငရဲမီးနံ့ထွက် နေလျှင် မစားသင့်ပါ။
၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့နှင့်တူသော အစေးများ ထွက်လာလျှင်မစား သင့်ပါ။
၃။ မှိုပေါ်တွင် ဆားအနည်းငယ် ဖြူးကြည့်ခြင်း၊ ဆားရည်တွင်စိမ်
ကြည့်ခြင်းဖြင့် ညို၊ပြာ၊နက် အရောင်များ ဖြစ်ခဲ့သော် ထိုမှိုကို မစားသင့်ပါ။
၎။ မှို၏ရိုးတံကိုခြေကြည့်ခြင်း ဖြင့်ကြေမွသွားသော်ထိုမှိုကိုမစား သင့်ပါ။
၅။မှိုတစ်ပွင့်လုံးကိုလက်နှင့်ချေ ကြည့်ခြင်းဖြင့်အနီရောင် အရည် များထွက်လာသော်မစားသင့်ပါ။
၆။ မှို၏ အရိုးကို ဓားနှင့်ဖြတ် ကြည့်ပြီး ဖြတ်စသည် ညို၊ ပြာ အရောင်ဖြစ်သွားသော် မစားသင့်။
၇။ အဝါရောင်၊ အနီရောင်၊ အပြာရောင် စသည့် တောက် ပြောင်ထင်ရှားသော အရောင်များ ရှိသည့်မှိုကို မစားသင့်ပါ။
၈။ မှိုမှုန်(Sponre)အစိမ်းရောင် သန်းနေလျှင် ထိုမှိုကို မစားသင့်။
၉။ ပန်းရောင်ရှိသော စပိုး (Spore) အစိမ်းရောင် ပါရှိသည့် မှိုကို မစားသင့်ပါ။
၁၀။ မှိုခြေကျင်းနှင့် မှိုခွက်နှစ်ခု ပါပြီး အဖြူရောင် ပါးဟက်မျိုးပါ တတ်သည့် မှိုမျိုးကိုမစားသင့်ပါ။
၁၁။ပိုးမွှားကျ ရောက်၍သွန်နေ သောမှိုမျိုးကိုလည်း မစားသင့်ပါ။
၁၂။ သဲမြေတွင်သိပ်မဝင်သော (သို့မဟုတ်) မြေမျက်နှာပြင်ပေါ် တွင်ရှိသောအပွင့်သေးသည့်မှို များကိုမစားသင့်ပါ။
၁၃။ လွန်စွာ လင်းရိပ်ကျပြီး မည်းမှောင်သောနေရာတွင်ပေါက် သည့်မှိုမျိုးများကို မစားသင့်ပါ။
၁၄။ အရွယ်မရောက် သေးသည့် မှိုလုံး ကလေးများသည် မှိုအင်္ဂါ ရပ်များကို
အပြည့်အစုံ မဖော်ပြ သေးသဖြင့် စားသင့်၊ မစားသင့် ခွဲခြားရန်ခက်သဖြင့်
ဤမှိုကိုမစား သင့်ပါ။
၁၅။ အချို့သော မှိုများသည် တစ်ဦးကို
အဆိပ်မဖြစ်စေတတ် သော်လည်း အခြားတစ်ဦး ကိုမူ အဆိပ်ဖြစ်စေတတ် သဖြင့် စား နေကျ
မှိုမျိုးမဟုတ်လျှင် လုံးဝ မစားခြင်းသည် အကောင်းဆုံးဖြစ် သည်။
အဆိပ်အတောက်ရှိသော မစားကောင်းသည့် မှိုကို ရွေးချယ်စားတတ်စေဖို့
10:27 PM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment