ဆေးဖက်ဝင် ခွေးတောက်ရွက်

ခွေးတောက်ရွက်မှာ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။ သွေးကို ပွားစေ၏။ ကာမကို အားပေး၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကို နိုင်၏။ လည်ချောင်းနာ၊ ဂူလုံးနာ၊ လေရောဂါပိုးနာ၊ နူနာ၊ အဆိပ်သင့်နာ၊ ပန်းနာ ရင်ကျပ်၊ တုလာသရော ရောဂါ တို့ကို နိုင်၏ဟု အရှင်နာဂသိန် ပုံပြဆေး အဘိဓာန်မှ ဖော်ပြထားပါသည်။

အနာဖြစ်ပါက ခွေးတောက်ရွက်ကို မီးကင်၍ကပ် ထားပါက အမြန်ပျောက်ကင်း ပါသည်။ ရေယုန်ရောဂါ ဖြစ်ပါက ခွေးတောက်ရွက် သတ္တုရည်ကို လိမ်းကျံပေး ပါက များစွာ အကျိုး ကျေးဇူးများ ပါသည်။ ခွေးတောက် ရွက်ကို ကြက်သားနှင့် ဟင်းချို ချက်သောက်ပါက အရက်ချိုးများ ကျစေပါသည်။

မြန်မာတို့၏ ထမင်းပွဲတွင် ခွေးတောက်ရွက်ကြော်၊ ခွေးတောက်ရွက် ဟင်းချို စသည်ဖြင့် နေရာ ယူတတ်သော ဟင်းလျာတစ်မျိုး ဖြစ်သလို ဆေးဖက်ဝင် ဆေးပင် တစ်မျိုးလည်း ဖြစ်ပါသည်။ ။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget