လူတွေရဲ့ နေ့စဉ်အာဟာရ ပြည့်ဝဖို့ လိုအပ်ချက်
အနေနဲ့ နို့ကို သောက်သုံးဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ နို့ကိုသောက်
သုံးပေးခြင်းဟာ လူသားတွေရဲ့ နေ့စဉ် အာဟာရ လိုအပ်ချက် ရရှိစေဖို့
ကူညီပေးပါတယ်။ လူသားတွေဟာ မိခင်ဝမ်းမှ
ကျွတ်စဉ် ကတည်းက မိခင်နို့ရည်နဲ့ အသက်ရှင် ခဲ့တာပါ။ မိခင်နို့ရည် မသောက်
ရချိန်မှာတော့ နွားနို့ကို အာဟာရ ဖြစ်အောင် နေ့စဉ် သောက်ရပါတယ်။ အသက်အရွယ်
ကြီးကြီး၊ ငယ်ငယ် နို့ဟာ လူသားတွေရဲ့ ခန္ဓာကိုယ် အတွက် လိုအပ်ချက် တစ်ခု
ဖြစ် ပါတယ်။
နို့မှာ Calcium ဓာတ်တွေ အပြည့်အဝ ပါဝင်တာမို့
အရိုးနဲ့ သွားတွေကို ခိုင်မာစေ ပါတယ်။ ကလေးတွေ အရိုးသန်မာဖို့ အတွက်
နို့ကို နေ့စဉ် သောက်ပေး သင့်ပါတယ်။ အစာအိမ် ရောဂါ ရှိသူများ လည်း
နို့ကိုနေ့စဉ် ပုံမှန်သောက်ပေး သင့်ပါတယ်။ နို့သောက်ခြင်းဟာ သွေးတိုးရောဂါ
ဖြစ်နိုင်မှုကို လျော့နည်းစေပြီး မဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်လို့
သိရပါတယ်။
မိန်းကလေးတွေ နွားနို့ သောက်ပေးခြင်းဟာ ခန္ဓာကိုယ်ကို
သွယ်လျ စေပါတယ်။ ခန္ဓာကိုယ် သေးသွယ် လှပချင်တဲ့ မိန်းကလေးတိုင်း နို့ကို
မဖြစ်မနေ သောက်ပေးသင့်ပါတယ်။ နို့မှာ rotein, Carbohydrate, Phosphorous,
Magnesium, Zinc ဓာတ်တွေ များစွာ ပါဝင် ပါတယ်။ နို့မှာ Vitamin A&B
မို့ မျက်စိ အမြင်အားကိုလည်း ကောင်းမွန် စေပါတယ်။
နို့ကို ပုံမှန်
သောက်ပေးခြင်းဟာ အသားအရေကို ကြည်လင် တောက်ပစေ ပါတယ်။ နို့မှာ အသားအရေ
ကောင်းမွန်အောင် ထောက်ပံ့ပေးတဲ့ အာဟာရ ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။ အလှ
အပကို မက်မောတဲ့ အမျိုးသမီးတွေ အတွက်တော့ နို့ဟာ မရှိမဖြစ် လိုအပ်တဲ့ အရာ
တစ်ခုပါပဲ။ တချို့ မိန်းကလေးတွေဟာ အသားအရေ လှပဖို့ အတွက် နို့နဲ့ အမြဲတမ်း
ရေချိုးလေ့ ရှိပါတယ်။
အလုပ် ကိစ္စကြောင့်ပဲ ဖြစ်ဖြစ်၊ လူမှုရေးကိစ္စ
တွေကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှု ဒဏ်တွေ ခံစားနေရတဲ့ အချိန်မှာ နို့ကို
သောက်ပေးခြင်းဖြင့် အဆိုပါ ဝေဒနာတွေကို သက်သာစေ ပါတယ်။ နို့ေ သာက် ခြင်းဟာ
ခန္ဓာကိုယ် ဖွံ့ဖြိုးခြင်းကို အထောက်အကူ ဖြစ်စေပြီး ကျန်းမာ ကြံ့ခိုင်ကာ
ဥာဏ်ရည် ကိုလည်း တိုးမြင့်စေပါတယ်။ လူတိုင်းဟာ ညစာ စားပြီးချိန်မှာ
နို့တစ်ဖန် ခွက်ကို နေ့စဉ် မဖြစ် မနေ သောက်သုံး ပေးသင့်ပါတယ်။
ညအိပ်ရာဝင်ရင် လွယ်လွယ်နဲ့ အိပ်မပျော် သူများ နို့တစ်ဖန်ခွက် သောက်ပြီးမှ
အိပ်ရင် အိပ်ပျော်မြန်ပြီး အိပ်ရေးဝဝ အိပ်ရ ပါကြောင်း ရေးသား တင်ပြ
လိုက်ရပါ သည်။ ။
အကျိုးများ စေဖို့ နို့သောက်စို့
1:26 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment