ဆေးဖက်ဝင် သခွားသီး

နူးညံ့ကြွပ်ဆတ်ပြီး အရည်ရွှမ်းသော သခွားသီးတွင် ရေဓာတ် ၉၈ ရာခိုင်နှုန်း ပါဝင်သည်။ ဗီတာမင်စီ၊ ကယ်ရိုတင်း ကစီ၊ ထုံးဓာတ်၊ မီးစုန်းဓာတ်များ ပါဝင် ကြသည်။ အလှပြင်ရာဝယ် သခွားသီးဖြင့် အရေပြားကို ပွတ်ပေးပါက အရေပြား သန့်စင် နူးညံ့စေသည်။ အပေါ်ယံ အရေပြား တွန့်ကြောင်းကို တင်း၍ပြောင်ချော စေသည်။

သခွားသီးကို စားသုံးပါက သခွားသီးရှိ နူးညံ့သော အမျှင်များက ဝမ်းထဲရှိ အူလမ်းကြောင်းကို ပုပ်သိုးဒြပ် ပစ္စည်းများ စွန့်ထုတ်မှုကို လျင်မြန်စေသည်။ သွေးထဲက ကိုလက်စထရောကို ကျဆင်းစေသည်။

ဆေးပညာ ရှုထောင့်က သခွားညွန့်နှင့် သခွားရွက်များက သွေးကြောများကို ကျယ်အောင် ချဲ့စေသည်။ နှလုံးခုန်နှုန်းကို လျော့ကျစေသည်။ အပူကျဆင်းပြီး ဝမ်းကို ပျော့စေသည်။ ကိုယ်ခန္ဓာ ဖောရောင်ခြင်း ဖြစ်ပါက သခွားသီးအခွံကို ပြုတ်သောက်လျှင် ပျောက်ကင်း စေသည်။ သခွားရွက်ကို အခြောက်လှန်းပြီး အမှုန့်ထောင်း၍ ရေနွေးဖြင့် သောက်ပါက ဝမ်းလျှော ဝမ်းပျက် ပျောက်ကင်း နိုင်စွမ်းသည်။ အသားဝါရောဂါ ဖြစ်ပါက ကျိုချက် သောက်နိုင်သည်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget