လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ်
အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။
စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန် ဖိုးနဲ့
ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊
ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့
ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများ အပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင်
စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။
(၁) အကိုက်အခဲ ပျောက်စေသော အစွမ်းရှိခြင်း
လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့
အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။
လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။
လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို
တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ
ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း
စပရေးစတာတွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင်
မှုကိုလည်း သက်သာစေပါတယ်။
(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း
လေးညှင်းဆီမှာ ဖလေဗိုးနွိုက်ပမာ ဏပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း
မှုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ ကုထုံးသုံးသူတွေက အဆစ်ရောင် ရမ်းနာ
နဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကု သနိုင်ဖို့ လေးညှင်းဆီအစစ်ကို
သုံးကြပါ တယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့အခါ အအေးမိတာ၊ ချောင်းဆိုး တာ၊
ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူ
လမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။
(၃) ပိုးသတ်အာနိသင် ရှိခြင်း
လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုး သတ်အာနိသင်ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊
ဖန်းဂတ်စ်မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့
ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို
တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း
ဆီမှာြွကက်သားတောင့်တင်းမှုကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။
(၄) အစာကြေစေခြင်း
လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း
ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့
အစာခြေဝေဒနာတွေကို သက်သာ စေ သလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက်
နာတာတွေကိုလည်း သက်သာစေပါတယ်။
(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း
လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက် ရောက်
ကာကွယ်နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်းမှာပါ တဲ့ ယူဂျီနောဟာ
အစာခြေစနစ် ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။
(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း
လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေး တွေကို သန့်စင်စေတာကြောင့် ကိုယ်ခံ
စွမ်းအားစနစ်ကို ကောင်းမွန်စေကာ ရော ဂါမျိုးစုံကို တွန်းလှန်ပေးနိုင်ပါတယ်။
(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ
လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့
ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက်
ခြင် နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့်
တွန်းလှန်ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစကလေးတွေနဲ့
ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
လေးညှင်းပွင့်၏ ကျန်းမာရေး အကျိုး ကျေးဇူးများ
1:08 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment