လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင်နည်းများ

လည်ချောင်း စိုစွတ်နေပါစေ

လည်ချောင်း ယားယံမှု ဝေဒနာ သက်သာစေဖို့ စိုစွတ်အောင် ထားပါ။ နံနက်ခင်းမှာ လည်ချောင်းနာ ဝေဒနာက ပိုဆိုးတာကို သတိထားမိပါသလား။ တစ်ညလုံး အရည် သောက်သုံးမှု နည်းတဲ့ အတွက် လည်ချောင်း ခြောက်ပြီး နာကျင်နေလို့ ဖြစ်ရတာပါ။ အရည် များများ သောက်ပေးဖို့ အရေးကြီးပါတယ်။

ငုံဆေး ငုံပါ

ငုံဆေး (lozenges) ဒါမှမဟုတ် သကြား မပါတဲ့ သကြားလုံး အမာကို ၀ါးတာကြောင့် တံတွေးထွက်နှုန်းကို လှုံ့ဆော်ပေးနိုင်ပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။

အကိုက်အခဲ ပျောက်ဆေး သောက်ပါ

လည်ချောင်းနာပြီး တစ်ကိုယ်လုံး ကိုက်ခဲနေရင် ပါရာစီတမော၊ အိုင်ဗျူပရိုဖန်တို့လို အကိုက်အခဲ ပျောက်ဆေးကို သောက်ပါ။ ဒါပေမဲ့ ကလေးငယ်တွေကို အက်စ်ပရင် မတိုက်ပါနဲ့။

လည်ချောင်း နာချိန် ကြာလျှင် ဆရာဝန်နှင့် ပြပါ

လည်ချောင်းနာတဲ့ ဝေဒနာက အလွန် ဆိုးရွားနေရင် ဒါမှမဟုတ် ရက်အနည်းငယ် ကြာတဲ့ အထိ မပျောက်ရင်၊ အဖျားကြီးတာနဲ့ တွဲဖြစ်ရင် ဘက်တီးရီးယား ပိုးဝင်တာကြောင့် ဖြစ်နိုင်တဲ့ အတွက် ပဋိဇီဝ ပိုးသတ်ဆေးကို မှီဝဲဖို့ လိုအပ်နေပါပြီ။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြပါ။

Tips! လည်ချောင်းနာ သက်သာစေရန်

- သံပရာရည် ခတ်ထားတဲ့ ရေနွေးကြမ်း ပူပူတစ်ခွက် ဒါမှမဟုတ် စွပ်ပြုတ်ပူပူကို သောက်ပါ။
-ငုံဆေးငုံပြီး လည်ချောင်း စိုစွတ်အောင် လုပ်ဆောင်ပါ။
-အိပ်ရေး၀၀ အိပ်ပါ။
-အိပ်နေစဉ် အခန်းထဲမှာ လေထု စိုထိုင်းဆ များစေတဲ့ စက်ကို တပ်ဆင်ထားပါ။ -လေထုကို စိုစွတ်စေပြီး လည်ချောင်းနာ သက်သာစေပါတယ်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget