ချွေးထွက်များပြီး ချွေးစော်မနံစေဖို့

ချွးထွက်များသည့်အခါ တွင်

(၁)ခရမ်းချဉ်သီးဖျော်ရည်ကို တစ်ပတ်လုံး နေ့စဉ်သောက်ပေးပါ။
(၂) Apple cider ဗနီကာ သို့မဟုတ် ဗနီကာရိုးရိုးကို ချိုင်းကြားတွင် လိမ်း ပေးခြင်းဖြင့် ချွေးစော်နံခြင်းကို ပျောက်စေသည်။ ပျားရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းစာနှင့် ဗနီ ကာ(၂)ဇွန်းကို ရောပြီး အစာမစား မီ (၁)ပတ်ခန့်ပုံမှန်သောက်ပေးပါ။ ခြေ ထောက်ကို ဆေးကြောပြီး ချွေးစေး များ ပျံတတ်သည့်ခြေထောက်ကို ဗနီကာနှံ့အောင် လိမ်းပါ။ ထို့နောက် အခြောက်ခံပါ။
(၃)အာလူးကို လှီးပြီးချွေးထွက်သော နေရာကို လိမ်းပေးပါ။
(၄)လက်ဖက်စိမ်း(၁)ခွက် နေ့စဉ် သောက်ခြင်းဖြင့် ချွေးထွက်များခြင်း ကို ကောင်းစွာထိန်းပေးနိုင်သည်။
(၅) tea tree oil သည် မှိုစွဲခြင်းကို သက်သာစေသဖြင့် ချိုင်း၊ လက်များ၊ ခြေထောက်နှင့်ပေါင်ခြံနေရာတို့ ကို လိမ်းပေးပါက အသားကိုလည်း တင်းရင်းစေသည်။
အစားအသောက် အစားအသောက်အနေဖြင့် -
အဆီများသောအစာ၊ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ကဖိန်း၊အရက်နှင့် ကျက်ကျက် ကြော်ထားသော သရေ စာ၊ အခြားအစားအစာများကို ရှောင်ကြဉ်စားပါ။ ဆီလီကွန်သည် ချွေးထွက်များခြင်းကို ထိန်းပေးနိုင် သဖြင့် ဆီလီကွန်ပါဝင်သော စတော် ဘယ်ရီ၊ စပျစ်နှင့်ဗံဒါစေ့တို့ကို စား သုံးပါ။ ရေများများသောက်ပေးပါ။ ရေက ချွေးနံကို ဖြစ်စေသောအဆိပ် အတောက်များကို ချေဖျက်ပေး သည်။
အဝတ်အစားအားဖြင့် -
လီနင်၊ ချည်တို့က ချွေးစုတ်စေသဖြင့် အရေပြားပေါ်တွင် အနံ့ဆိုးကို ဖြစ်စေသောဘက်တီးရီးယားများ ကို မပေါက်ပွားစေနိုင်ပါ။ အထူးသဖြင့် ခြေဖဝါး၊ ခြေထောက်၊ ချိုင်း အောက်၊ ပေါင်ခြံနေရာတို့တွင် ချွေးပို စုစေတတ်သည်။
ဒေါန
Health Updates Journal

မျှဝေပေးတာမတ္တာတစ်ခုပါ.......

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget