ဂျင်း
ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။
နေ့စဉ် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့်
လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း
စားသုံး သင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကတော့
နားကိုက်တာကို ပျောက်ကင်း စေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့
ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ
ထည့်ပေးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ကြက်သွန်ဆီ ဆိုလို့ အခြား
မဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး
အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။
လေးညှင်းပွင့်
သွားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ လေးညှင်းပွင့် ခြောက်မှုန့်နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်း စေပါတယ်။
ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်
Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့
နီးစပ်ပါတယ်။ Peppermint မှရတဲ့အဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို
ပျောက်ကွင်း စေပါတယ်။
စပျစ်သီး
စပျစ်သီး တစ်ခိုင်စာ
နေ့စဉ် စားသုံးသူများ အနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို
ပျောက်ကင်း စေတယ်လို့ လေ့လာ တွေ့ရှိထားကြ ပါတယ်။
နာနတ်သီး
နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။
ချယ်ရီသီး
ချယ်ရီသီးကတော့ ဦးခေါင်းကိုက် ဝေဒနာကို ပျောက်ကင်း စေပါတယ်။
ခရမ်းချဉ်သီး
ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။
ခရမ်းချဉ်သီး ဖျော်ရည် နေ့စဉ် စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊
ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်း စေပါတယ်။
အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေးများ
1:29 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment