သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့

ချွေးထွက်တွေများပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။

သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget