ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး

၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။ သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

၂။ နို့ဖျော်ရည်

ယင်းKefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်း အတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ ပေးနိုင်ပါ တယ်။

၃။ အခွံမာသီးများ

အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာ ပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေကာ၊ လေ့လာမှု တစ်ခုအရ Omega 3 fatty အက်စစ်က လေပြွန်တွင်း ပိုးဝင်ခြင်းကို သက်သာ စေကြောင်း သိရပါတယ်။

၎။ အသီးအရွက်နှင့် သစ်သီးများ

၎င်းတို့က သင့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင် ပေးနိုင်ပါတယ်။

၅။ အသား

အသားများတွင် ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး ယင်းက ခုခံအား စနစ်အား ပိုမိုကြံ့ခိုင် စေပါတယ်။ ထို့ပြင် အသားထဲတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း၊ သွေးဖြူဥ များကို ကူညီပြီး ရောဂါပိုးများ တိုက်ထုတ် ပေးနိုင်ကြောင်းသိရတယ်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget