၁) အိပ်ရာဝင်နောက်ကျခြင်းနှင့် အိပ်ယာထနောက်ကျခြင်း
၂) နံနက်ပိုင်း ဆီးမသွားခြင်း
၃) အစားအလွန်အကျွံစားခြင်း
၎) နံနက်စာမစားခြင်း
၅) ဆေးအများအပြား သောက်သုံးခြင်း
၆) ယိုများ၊ ကြာရှည်ခံဆေးသုံးထားသည့် အစားအစာများ၊
အဖြည့်ပစ္စည်များထည့်သွင်းထားသည့် အစားအသောက်များ၊
ဆိုးဆေးသုံးထားသည့်အစားအစာများနှင့် အချိုမှုန့်များ အလွန်အမင်းစားသုံးခြင်း
၇) အရက်သောက်သုံးခြင်း
၈) ကျန်းမာရေးနှင့်မညီညွတ်သည့် ဟင်းချက်ဆီများ
အသုံးပြုချက်ပြုတ်စားသောက်ခြင်း (အစားအစာများကို ကြော်သည့်အခါ
အကောင်းဆုံးဟင်းချက်ဆီဖြစ်သည့် သံလွင်ဆီကိုပင်
တတ်နိုင်သမျှအနည်းဆုံးဖြစ်အောင် အသုံးပြုသင့်သည်....
သင့်ကျန်းမာရေးအလွန်ကောင်းနေသည့်အခါမျိုးမှလွဲ၍
ပင်ပန်းနွမ်းနယ်နေသည့်အခါတွင် ကြော်ထားသည့်အစားအစာများ မစားသုံးသင့်ပေ...)
၉) အစိမ်းအတိုင်းစားသုံးခြင်းနှင့်
အနူးလွန်သောအစာများစားသုံးခြင်းတို့သည်လည်း အသည်းကိုဒုက္ခပေးနိုင်သည်...
အသီးအရွက်ကြော်များကို တစ်ထိုင်တည်းသာစားသင့်ပြီး မကုန်ပါက
သိမ်းမထားသင့်ပေ...
ကောင်းမွန်သည့်နေထိုင်မှုပုံစံနှင့်
အစားအစာစားသုံးမှုအမူအကျင့်ကို ကျွန်တော်တို့ မွေးမြူရပေမည်...
ကောင်းမွန်သည့် စားသုံးမှုအမူအကျင့်နှင့် အချိန်ကိုက်စားသုံးမှုကို
ထိန်းသိမ်းလုပ်ဆောင်ခြင်းတို့သည် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက်
အာဟာရဓာတ်များ စုပ်ယူနိုင်ရန်နှင့်
မလိုအပ်သည့်ဓာတုပစ္စည်းများဖယ်ထုတ်နိုင်ရန် အလွန်ကောင်းမွန်သည့်
စီမံချက်တစ်ရပ်ပင်ဖြစ်ပေသည်...
အသည်းထိခိုက်စေသည့် အဓိက အကြောင်းရင်းများ
2:12 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment