အာလူး စားသုံးခြင်းကို
လူတိုင်း ကြိုက်နှစ်သက်ကြ ပါတယ်။ အာလူးကို မကြိုက်လို့ မစားသုံးတဲ့ သူဟာ
အလွန် ရှားလိမ့်မယ်လို့ ထင်ပါတယ်။ အာလူးကို ပုံစံ အမျိုးမျိုး ပြုလုပ်ပြီး
ချက်စား တတ်ကြပါတယ်။ ဟင်းအဖြစ် ချက်စား ကြသလို အာလူးကြော်ကိုလည်း သရေစာ
အဖြစ် စားသုံး တတ်ကြ ပါတယ်။ ပုစွန် ခြောက်နဲ့ ရောချက်ထားတဲ့ အာလူး
ဟင်းချိုလေးဟာ သောက်လို့ အရမ်းကောင်းတဲ့ ဟင်းချို တစ်ခွက်ပါ။
ဗိုက်ပြည့်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဆာပြေ စားချင်လို့ပဲ ဖြစ်ဖြစ် အာလူးကို
စားသုံးတတ်တဲ့ အလေ့အ ကျင့်ဟာ ကောင်းမွန်တဲ့ အလေ့အကျင့်လို့ ပြောရမှာပါ။
အာလူး စားပေးခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေပြီး သွေးပေါင်ချိန်
မြင့်တက်ခြင်း ကိုလည်း ကျဆင်း စေသလို သွေးတိုးရောဂါ ကိုလည်း ကာကွယ်
ပေးနိုင်ပါတယ်။ သွေးပေါင် အတက်အကျ ကိုလည်း ထိန်းထား ပေးနိုင် ပါတယ်။
အာလူးမှာ ကယ်လိုရီ၊ ပရိုတိန်း၊ ပိုတက်စီယမ်၊ ဗီတာမင်၊ ဆိုဒီယမ် အစရှိတဲ့
ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အာလူးမှာ အမျှင်ဓာတ် များစွာလည်း ပါဝင်
ပါသေးတယ်။ အာလူး စားပေးခြင်းဟာ နှလုံး ကျန်းမာရေး အတွက်လည်း ကောင်းမွန်
စေပါတယ်။
သင့်ရဲ့ မျက်နှာပြင် အသားအရေ ကောင်းစေဖို့ အတွက်လည်း
အာလူး အစိမ်းကို ပါးပါးလေး လှီးပြီး ရလာတဲ့ အာလူးအလွှာလေး တွေကို
မျက်နှာပြင် အနှံ့ ကပ်ပေးပါ။ မျက်နှာပြင် အသားအရေ ထိန်းသိမ်းခြင်း အတွက်
အလွန် ကောင်းမွန်တဲ့ လုပ်ဆောင်မှု တစ်ခုလို့ ဆိုချင်ပါတယ်။ အသားအရေ
အတွက်လည်း ကောင်းမွန်သလို သင့်ခန္ဓာကိုယ် အတွက် ကျန်းမာဖို့ အကူအညီ
ပေးစွမ်းနိုင်တဲ့ အာလူးကို သင့်တင့် မျှတစွာ စားသုံး ပေးသင့်ပါတယ် လို့
အကြံပြု ပါရစေ။ ။
သင့်ခန္ဓာကိုယ် အကျိုးအတွက် အာလူးကို စားပေးပါ
4:14 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment