စတော်ဘယ်ရီးသီးကို မကြိုက် တဲ့သူဆိုတာ
တော်တော်ရှားမယ်ထင် ပါတယ်။ နေ့စဉ်စားသုံးတဲ့ ပေါင်မုန့် ထဲမှာပဲဖြစ်ဖြစ်၊
ဘီစကစ်ပဲဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ် စတော်ဘယ်ရီအရ သာဆိုတာ ပါဝင်နေပါတယ်။
အနီရောင်ရှိပြီးမွှေးပျံ့တဲ့အနံ့ရှိတဲ့ စတော်ဘယ် ရီသီးဟာ ကျန်းမာရေးအတွက် သင့် တော်တဲ့သစ်သီးတွေထဲမှာ ပါဝင်ပါ တယ်။
၁။ စတော်ဘယ်ရီမှာပါတဲ့ ပေါ် လီ ဖီနော်ဟာ ရောင်ရမ်းမှုအမျိုးမျိုးကို သက်သာစေပါတယ်။
၂။ စတော်ဘယ်ရီမှာ ရောင်ရမ်း မှုသက်သာစေတဲ့ anti inflammatory
နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပူးတွဲပါဝင်မှုများတဲ့အတွက် ကင်ဆာ
ကိုကာကွယ်စေပါတယ်။ အထူးသ ဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင် ဆာတွေကို
ကာကွယ်နိုင်ပါတယ်လို့ အခုသုတေသနမှာဖော်ပြထားပါတယ်။
၃။စတော်ဘယ်ရီသီးဟာ
အသက် အရွယ်ရလာရင်ဖြစ်တဲ့ မျက်စိမှုန် ခြင်း၊ မျက်စိတိမ်စွဲခြင်းတွေကို လျော့
ပါးစေတဲ့ စူပါအစားအစာ ဖြစ်တယ် လို့ သိရပါတယ်။
၎။ စတော်ဘယ်ရီသီးဟာ
ခုခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ အိပ် ရေးပျက်ထားသူတွေ စတော်ဘယ်ရီ
ဖျော်ရည် အေးအေးတစ်ခွက်သောက် သုံး ပေးသင့်ပါတယ်။
၅။စတော်ဘယ်ရီသီးဟာ
ဗီတာ မင်စီကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် အရေပြားတင်းရင်းမှုကိုဖြစ်စေတဲ့
ကော်လဂျင်ကို ထောက်ပံ့ပေးနိုင်ခြင်း၊သွားဖုံးသွေးယိုခြင်းကို ကာကွယ်ပေး
နိုင်ခြင်းတွေကို စားသုံးသူတွေ ခံစား ရစေပါတယ်။
စတော်ဘယ်ရီသီးရဲ့ကျန်းမာရေးအကျိုးပြု အာနိသင်
10:45 PM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment