စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။
အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။
လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။
ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင်
ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး
သက်သာပါတယ်။
1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း
2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ်
ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍
သောက်ခြင်း
3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း
4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း
5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း
6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို
မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း
ဖြစ်ပါတယ်။
ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား
နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို
တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။
တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့
အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး
တခြားအစာဘာမှ မစားရပါဘူး။
ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့
သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water
ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox
Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။
အသည်းကို သန့်ရှင်းဖို့အတွက်
1:51 AM
No comments
Subscribe to:
Post Comments (Atom)
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "







0 comments:
Post a Comment