ကနဖော့၏ ဆေးဖက်ဝင်အစွမ်း

ကနဖော့ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ အလွယ်တကူရနိုင်တဲ့ ဆေးဘက်ဝင်အပင်တစ်ပင်ပါ။

၁။ ကနဖော့ရွက်ကို ကြိတ်ပြီး ခေါင်းမှာ အုံပေးရင် ခေါင်းကိုက်ပျောက်တယ်။ စာကျက်ရတာများလို့ ဦးဏှောက်ညောင်းညာ ပင်ပန်းတဲ့အခါ အဲဒီလို လုပ်ပေးသင့်ပါတယ်။ အရေပြားနဲ့ အကြောရောဂါတွေအတွက်လည်း သုံးကြတယ်။

၂။ ကနဖော့ရွက်အရည်ကို နွားနို့နဲ့ဖြစ်ဖြစ် ဆိတ်နို့နဲ့ဖြစ်ဖြစ် သောက်ပေးရင် ဆီးပူညောင်းကျနာ ပျောက်စေနိုင်တယ်။

၃။ ကနဖော့ကို ပြုတ်ပြီးတို့စားရင်ဖြစ်စေ၊ ကနဖော့ပြုတ်ရည်နဲ့ ချွေးအောင်းခဲ့ရင်ဖြစ်စေ ဖောရောင်ခြင်း ပျောက်ကင်းနိုင်တယ်။

၎။ ကနဖော့ ပဉ္စငါးပါးရည်ကို နည်းနည်းစီသောက်ပေးသွားရင် ကျောက်ဖြူပေါက်ရောဂါ၊ အရေပြားရောဂါ၊ ချဉ်ဆီတိုးတဲ့ ရောဂါတွေ ပျောက်ကင်းနိုင်ပါတယ်။

၅။ ကနဖော့ရည်ကို ပျားရည်နဲ့ ရောသောက်ရင် ကျောက်ရောဂါပျောက်ကင်းနိုင်တယ်။

၆။ ကနဖော့တစ်ပင်လုံးကို အမြစ်ပါမကျန် ယူ။ ရေစင်အောင်ဆေးပြီး ဆန်ဆေးရည်။ မုံညှင်းဆီတို့ ထည့်ပြုတ်ပြီး ဆားနည်းနည်းထည့်သောက်ရင် အသည်းအားနည်းတဲ့ ရောဂါကို ပျောက်ကင်းနိုင်ပါတယ်။

0 comments:

Post a Comment

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

 
Twitter Bird Gadget